နွယ်(တတိယပိုင်း)(၁၂)
လွမ်းဆွတ်မှုတွေက တစ်ကိုယ်လုံးကိုဝါးမြိုလာခဲ့တဲ့
အခါ စိတ်ဆန္ဒတွေကပါမလွန်ဆန်နိုင်ခဲ့ဘူး အလွမ်း
တွေထဲမှာနစ်မြှပ်နေတဲ့ဆန္ဒတစ်စုံဟာ ညတစ်ရေးနိုး
မှာခြေသံဖွဖွနဲ့ နှလုံးအိမ်ကိုတံခါးခေါက်ခဲ့တယ်တူးဖော်ကာဖောက်ထုတ်မရတဲ့အလွမ်းတွေကြောင့်
ချစ်တဲ့သူရဲ့အသံလှိုင်းလေးကိုသူ့ထံသို့ရောက်အောင်ခေါ်ဆောင်ပေးမယ့်စမတ်ဖုန်းလေးကို နည်း
နည်းလောက်အလုပ်ပေးလိုက်တယ်Xing ဆီသို့တန်းပြီးဝင်သွားခဲ့တဲ့ဖုန်းသံရဲ့ကြားမှာ
ကျွန်တော့်နှလုံးသားလေးဟာ ဆတ်ကနဲတုန်ခါပြီး ဓာတ်လိုက်သွားရှာတယ်ကျွန်တော့်ဖုန်းကို xing ကိုင်ပါ့မလား.....???
.
.
.
ချစ်သူကို မျက်ရည်တွေ ကြားကနေ လွမ်းဆွတ်ကာ
ငိုကြွေး ပြီးတဲ့နောက်မှာတော့ xing ဘယ်ကနေ
ဘယ်လိုအိပ်ပျော်သွားလိုက်တယ်မသိ..ခေါင်းအုံးရဲ့ဘေးနားမှာချထားတဲ့ဖုန်းရဲ့(တုန်ခါသံ)
အသံရှည်ကြီးမြည်မှ xing လန်းနိုးသွားခဲ့တယ်မျက်လုံးတွေကမပွင့်တပွင့်နဲ့မှေးစင်းနေဆဲမို့ ဘယ်သူ
ဆိုတာကိုမကြည့်မိပဲ..အစမ်းရောင်အတန်းလေးကို
ဆွဲချလိုက်မိတယ်......_________________________
တစ်ဖက်ကနေ အစိမ်းရောင်အတန်းလေးကိုဆွဲလိုက်
တာကြောင့် နား နားကပ်ကာ ကိုင်ထားတဲ့ ဆူဟို ရဲ့
ဖုန်းလေးက အနည်းငယ်တုန်ခါသွားတယ်တသိမ့်သိမ့်တုန်နေတဲ့လက်တစ်စုံက တဒိတ်ဒိတ်
ခုန်နေတဲ့ ရင်ကိုဒီအချိန်မှာနှိမ့်သိမ့်မှုတွေပေးနိုင်မယ်မထင်သူ့ဖုန်းကို xing ကိုင်လိုက်ပြီဆိုတာသိလို့လေ...
"ဟဲလို"
.
.
.
"ဟင်"အံ့သြချင်းများစွာနဲ့မို့....အိမ်မက်များလား....
ကြားချင်မိတဲ့အသံလေးကြားလိုက်ရတာ....
အိမ်မက်ထဲလွင့်မျှောသွားသလို...
YOU ARE READING
နွယ်..sulay Fic
DiversosSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...