(၁)
နိုးစက်မပေးပါပဲနဲ့မျက်ဝန်းတွေဟာသူ့အလိုအ
လျောက်ဖျတ်ခနဲပွင့်လာတယ်။ဘေးနားမှာတင်
ထားတဲ့နာရီကိုယူကြည့်လိုက်တော့မနက်ခြောက်
နာရီထိုးပြီ။အပြင်ဘက်ခပ်လှမ်းလှမ်းတစ်နေရာ
ဆီကနေ ကျေးငှက်လေးတွေတစ်ချို့ရဲ့တေးသီ
သံကိုသဲ့သဲ့ကြားရတယ်။သေချာပြီ။ဒါဆို
သူမလည်းခြံထဲကိုရောက်နှင့်နေပြီ။
ဆောင်းငွေ့ကိုခိုလှုံပြီးအညှာတာမဲ့တိုးဝင်လာသော
လေအေးများကြောင့် ပြတင်းပေါက်ကအပြာနု
ရောင်ခန်းဆီးစဟာတဖျပ်ဖျပ်နဲ့လွင့်ခါသွားတယ်။
ပြတင်းပေါက်နဲ့ခန်းဆီးစ ကင်းကွာသွားချိန်တိုင်း
ပတ်ဝန်းကျင်တစ်ခုလုံးကိုဖြန့်ကျက်ပေးထားတဲ့
အလင်းရောင်ဖျော့ဖျော့သည်အခန်းထဲသို့ဝင်လာ
လိုက်၊ပျောက်သွားလိုက်။ခန်းဆီးစတွေကိုဘေး
ဘက်သို့တွန်းဖယ်ရန်ကျွန်တော်ခုတင်ပေါ်မှဆင်း
လိုက်သည်။
"အ..."
လူတစ်ကိုယ်လုံးယိမ်းထိုးစွာမူးနောက်နေသော
ကြောင့်ခြေလှမ်းတွေရှေ့ဆက်မလှမ်းခင်မှာပဲ
ခန္ဓာကိုယ်ဟာခုတင်ပေါ်သို့ပြန်ပြုတ်ကျသွားခဲ့
တယ်။
ဒီမနက်မှာမျက်လုံးဖွင့်ဖွင့်ချင်းခေါင်းထဲမှာခံစားလို့
မကောင်းတဲ့ဝေဒနာတွေကို မနက်ခင်းလက်ဆောင်
အဖြစ်ကျွန်တော်ရရှိလိုက်ပြီ။အရာဝတ္တုတွေရဲ့
နိမ့်ချီမြင့်ချီလှိုင်းသဖွယ်ရွေ့လျားရာနောက်ကို
လူကတပ်ကြပ်မကွာလိုက်နေရတာကြောင့် ကျွန်တော့်ခြေထောက်တွေဟာမြေပေါ်မှာ
မတည့်မတ်နိုင်တော့ဘူးလေ။
ဟင့်အင်း...ဒါပေမယ့်ကျွန်တော်ကြိုးစားပြီးရပ်မယ်
ဟိုးးးမှာမြင်နေရတဲ့အပြာရောင်ခန်းဆီးစတွေဆီ
ကျွန်တော်ရောက်အောင်သွားမယ်။ခန်းဆီး
တွေရဲ့နောက်ကွယ်မှာကျွန်တော့်ရဲ့ပန်းပွင့်လေး
ရှိနေတယ်လေ။ခြေထောက်တွေက အားမနိုင်ပေမယ့်
ခန်းဆီးရဲ့နောက်မှာ တပွင့်ထဲသောပန်းလေး
ရှိနေတယ်ဆိုတဲ့အသိဟာ ကျွန်တော့်အတွက်
အားအင်တွေဖြစ်စေလို့၊အဲ့ဒီနေရာကိုခက်ခက်ခဲခဲနဲ့
ကျွန်တော်ရောက်အောင်သွားခဲ့တယ်။
တုန်ယင်နေတဲ့လက်တွေဟာခန်းဆီးစတွေကိုတွဲခို
ရင်းဘေးဘက်သို့တွန်းရွေ့လိုက်တယ်။
YOU ARE READING
နွယ်..sulay Fic
DiversosSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...
