ဆေးရုံအတွင်း ဆူဟိုရှိရာအခန်းငယ်ဆီသို့ ဒရောသော
ပါးပြေးလာခဲ့ရာမှ နောက်ဆုံးတော့ သူရှိနေတဲ့အခန်းငယ်
လေးရဲ့ရှေ့မှာxing ခြေလှမ်းများဟာအဆုံးသတ်သွား
ခဲ့လေတယ်။ခုချိန်မှာ xing ရဲ့အသိဉာဏ်တစ်ခုလုံးကိုဖိစီးနှိပ်စက်
နေတာ ကြောက်ရွံ့ခြင်းပါပဲ။သူနဲ့ထာဝရဝေးကွာသွားရမှာကိုကြောက်သည်။
သူထာဝရထားသွားခဲ့မှာကိုကြောက်သည်။ဒေါက်တာဂင်ရဲ့ပြောစကားတွေကိုကြားကြားခြင်းကိုယ့်
နားကိုမယုံနိုင်လောက်အောင်ပင်နားကြားလွဲတာဖြစ်ပါ
စေလို့....ဆေးရုံလာရာလမ်းတလျှောက်မှာအကြိမ်ကြိမ်
ဆုတောင်းလာခဲ့ပေမယ့်...လက်တွေ့မှာxingမယုံကြည်
လို့မရတော့ပေ။ခုတင်ပေါ်မှာငြိမ်သက်စွာအိပ်စက်နေသည့်သူ....
စက်ကရိယာတစ်ချို့ရဲ့အကူအညီကိုယူပြီးသူ့အသက်ကို
ရသလောက်လေးဆွဲဆန့်ထားကြတယ်။နှာခေါင်းတဝှိုက်
နားမှာတပ်ထားတဲ့အောက်ဆီဂျင်markလေးက သူ
အသက်ရူရာမှာအဆင်ပြေစေဖို့တဆင့်ခံထောက်ပံ့ပေး
ထားရပြန်တယ်။လက်ဖျံထဲသို့သွယ်တန်းထားတဲ့ဆေး
ပိုက်ထဲမှဆေးရည်ကြည်လေးတွေကတော့ သူ့အကြော
ထဲသို့တစ်စက်ချင်းစိမ့်ဝင်ဖောက်ထွင်းကာအဆက်
မပြတ်စီးဝင်နေကြတယ်။ခုတင်ဘေးနားမှာလည်းသူတစ်ခုခုဖြစ်လာခဲ့ရင်အသက်ကိုအလျင်အမြန်ကယ်တင်နိုင်မဲ့..အသက်ကယ်
စက်ပစ္စည်းကိရိယာတစ်ချို့....ဆူဟိုက...ဒီလောက်အထိ...နေမကောင်းဖြစ်နေတာ
လား...သူ့အခြေနေကဒီလောက်ထိစိုးရိမ်စရာတွေဖြစ်နေပြီ
လား...ပျော့ခွေယိုင်နဲ့လာတဲ့xingခြေလှမ်းတွေကစည်းချက်မကျတော့ပဲတုံ့ဆိုင်း တုံ့ဆိုင်းဖြစ်ကာသူ့ရှိရာခုတင်ဆီသို့တစ်လှမ်းချင်းလှမ်းကာလျောက်လာမိတယ်။
YOU ARE READING
နွယ်..sulay Fic
De TodoSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...