နေမကောင်းလို့နားခဲ့တဲ့သုံးရက်တာအကြွေးတွေကို အလုပ်စစဆင်းချင်းနေ့မှာပင် လုပ်နေရတာမို့ အလုပ်နဲ့လက်နဲ့ပြတ်တယ်လို့ကိုမရှိ
ရောက်ရောက်ချင်းပဲ လူနာတွေကိုပြေးကြည့်ရ အစည်းဝေးရှိတယ်ဆိုလို့အစည်းဝေးတွက်ပြင်ဆင်ရ ပြင်ဆင်နေတုန်းအရေး
ပေါ်လူနာတွေရောက်လာလို့အသက်မှီအောင်ပြေးကယ်ရ နဲ့ ဒီကြားထဲဘာမဟုတ်တဲ့ အသေးအမွှား အလုပ်ကိစ္စတွေက ဟိုက
ဝင်လာလို့ပြေးရလိုက်ဒီကဝင်လာလို့ပြေးရ
လိုက် အဲဒီဘာရီရ ကိစ္စတွေကြောင့်ပိုပင်ပန်း
တယ်
နေ့တစ်နေ့ရဲ့ အချိန်တဝက်လောက်ကို
အလုပ်တွေနဲ့အတူဖြတ်သန်းပြီးခဲ့ပြီမို့
ခုတော့ခနနား ထမင်းစားရမှာပေါ့
လက်ကနာရီကိုကြည့်လိုက်တော့
တစ်နာရီကျော်နေပြီလေ အဲ့တော့ထမင်းစားဆောင်ကိုလှမ်းရတော့မှာပေါ့
ထမင်းစားဖို့အတွက် ပုံစံခွက် ပန်းကန်ကို
ကိုင်ပြီး နောက်နားကလွတ်နေတဲ့စားပွဲဆီသို့
သွားလိုက်တယ်..ဗိုက်ကတော့အတော်လေးဆာနေပြီ..နေမကောင်းတုန်းကထမင်းနဲ့သုံးရက်လောက် သံယောဇဉ်ဖြတ်ခဲ့ရတယ်မလား
ဒီနေ့တော့..ကိုယ်စားချင်တဲ့ထမင်းကိုအပီဆွဲမယ်လေ..ကံကောင်းချင်တော့
ဒီနေ့ဟင်းက ကျွန်တော်အကြိုက်ဆုံး
ပဲငါးပိချဉ်စပ်ဟင်းရည်နဲ့..ပြည်ကြီးငါးဟင်း
မို့..ဗိုက်ထဲကနေပိုပြီးဆာလာသလိုပဲ
"In coming message"
ဖုန်းလေးတုန်ခါမှုနဲ့အတူ..စာတစ်စောင်ဝင်လာကြောင်း အချက်ပေးသံလေးထွက်လာတယ်
ပါးစပ်ထဲသို့ရောက်ခါနီးထမင်းလုပ်ကိုဆွဲ
တန့်လိုက်သလိုပါပဲ...suho ရဲ့အာရုံတွေ
ကဖုန်းဆီရောက်သွားတာကြောင့်..ပါးစပ်ထဲရောက်ခါနီးဇွန်းကိုပန်းကန်ထဲသို့ပြန်ချပြီး
ဝင်လာတဲ့ message ကိုယူကြည့်လိုက်တယ်
"ထမင်းစားပြီးပြီလား"
Messageကိုဖတ်ပြီးသည့်နောက်မှာတော့ ဖုန်းကိုလက်ထဲကနေ ပစ်ချပြီး ထမင်းစား
ပွဲတွင် ငူငူကြီးထိုင်နေမိတယ်..ခုတော့
ဖုန်းထဲထိအောင် message ပို့နေပြီပဲ..
အသက်ကိုအားနဲ့ရူလိုက်ပြီး...ပြန်ထုတ်လိုက်တဲ့ လေထဲမှာတော့သက်ပြင်းချသံများ
ပါရောနှောပါသွားသည် ထမင်းစားချိန်ထိတော့သူမအကြောင်းကို အချိန်ကုန်ခံပြီး
မတွေးချင် စဉ်းစားတာတွေကို ခနရပ်ပြီးထမင်းဆက်စားမယ်လို့ဇွန်းကိုင်လိုက်ချိန်မှာတော့......
YOU ARE READING
နွယ်..sulay Fic
De TodoSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...
