နှုတ်ဖျားကနေ အသံလို့မဆိုသာလောက်အောင်ပင်
တိုးညင်းလွန်းလှတဲ့ ညည်းသဲ့သဲ့အသံလေးက လူ
နာခုတင်၏ဘေးတွင် မှိန်းနေသော မင်ဂျွန်း ရဲ့နား
ထဲသို့ သိသာစွာတိုးဝင်လာခဲ့သည်..."ဆူဟို....မင်းသတိရလာပြီလား"
တိုးဖွညင်သာလွန်းလှတဲ့အသံက မျက်လုံးတွေကို
ဖွင့်မရခင်မှာပဲ အကြားအာရုံထဲကိုစီးဆင်းလာခဲ့တယ်...ဒါ..ကျွန်တော့်သူငယ်ချင်း မင်ဂျွန်း ရဲ့အ
သံ.."ဆူဟို...မင်းမျက်လုံးဖွင့်ကြည့်ပါအုံး..ဘယ်လိုနေသေးလည်း..."
သူငယ်ချင်းအတွက်စိုးရိမ်လွန်နေပြီး ပျက်ယွင်းယွင်း
ဖြစ်နေမဲ့မင်ဂျွန်း ရဲ့မျက်နှာလေးကိုဖွင့်လို့မရသေးတဲ့မျက်ဝန်းတွေကြားထဲကနေပြေးမြင်မိတယ်ဖွင့်ဖို့ခက်ခဲတာမှန်ပေမယ့် အားယူပြီးကျွန်တော်ဖွင့်ရ
မယ် သက်သာပါတယ်ဆိုတဲ့မျက်ဝန်းရိပ်တွေကို
မင်ဂျွန်း ကိုမြင်အောင်ပြချင်တယ် ဒါမှသူလည်းစိတ်သက်သာရာ ရမယ်လေ..."မင်ဂျွန်း .."
စကားလေးနှစ်လုံးက.. သူ့နုတ်ဖျားကနေ အ
ပြင်ကိုခုန်ပေါက်ထွက်ဖို့ အရေး..ဒီလိုအချိန်မှာ
ပြောမပြနိုင်လောက်အောင် ခက်ခဲနေတယ်.."ဘယ်လိုဖြစ်တာလည်း ဆူဟိုရာ...ငါ စိတ်ပူလိုက်
တာ.."မင်ဂျွန်းရဲ့စကားတွေကိုနားထဲမှာသာကြားနေရပေမဲ့
ကျွန်တော့် အသိတရားနဲ့ဦးနှောက်ကတော့ထုံထိုင်း
ထိုင်းကြီးဖြစ်နေသေးတယ်..မကြည်လင်သေးတဲ့
ခေါင်းကခုထက်ထိမူးရိပ်မူးရိပ်ကမပြေနိုင်သေးပေ
ဒါပေမယ့်လည်း..မူးမလဲခင်ကအနေအထားထက်
တော့စာရင်ကျွန်တော်ခံနိုင်လောက်တဲ့အနေအထား
မို့ လှဲအိပ်နေတဲ့ခုတင်ထက်မှထရန် အားယူလိုက်
သည်..."ထမလို့လား...လှဲနေပါအုံး ဆူဟိုရ"
"ဟင့်အင်..လှဲမနေချင်တော့ဘူး..
မင်ဂျွန်း...ငါ့ကိုထူပေးပါ.."
![](https://img.wattpad.com/cover/57838935-288-k671032.jpg)
YOU ARE READING
နွယ်..sulay Fic
De TodoSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...