" အချစ် " ဆိုတာ ဘာလဲ....
ကျွန်တော် ခပ်ဆဆတွေးရင်း အရှေ့မှာ ထိုင်နေတဲ့ luhan ဆိုတဲ့သူကို လှမ်းကြည့်လိုက်တယ်...
တစ်ခါတစ်ခါ သူ့အတွေးတွေကို ကျွန်တော် လိုက်မမှီပါဘူး....
"Hi .. sweety "
ဟန်ဆောင် အပြုံးတွေ စွန်းနေတဲ့ မျက်နှာနဲ့ သူ က ..
coffee ဆိုင်ထဲဝင်လာတဲ့ sexy ကျကျ မိန်းမ ကို လှမ်းနှုတ်ဆက်လိုက်တယ်...
တကယ်ကို သူ့  style မဟုတ်တဲ့ မိန်းမတစ်ယောက်နဲ့လား
ကျွန်တော် နှာခေါင်းတစ်ချက်ရှုံ့ရင်း အရှေ့မှာ ချထားတဲ့coffee ကို တစ်ချက်ငုံလိုက်တယ်...
luhan ဆိုတဲ့ သူက တကယ့်နာမည်ကြီး play boy...
ဖြစ်ရမှာပေါ့လေ ... သူ့အကြည့်တစ်ချက်အောက်မှာ မိန်းမတွေအားလုံးဦးညွှတ်သွားကြတာပဲကို...
"လွမ်းနေတာ ကိုယ့်ကို ... kiss..လေးပေးပါဦး"
"ok ~~~chu ~~~"
ကျွန်တော်ရှေ့မှာ ဖြစ်ချင်ရာဖြစ်ပြနေတဲ့ မိန်းမနဲ့ သူ့ကို အထူးအဆန်းမဟုတ်တော့သလို...
luhan ... မိန်းမ တိုင်းနဲ့ နှုတ်ခမ်းချင်းအပ်နေတာ ...ူ..အဆင်ကောပြေရဲ့လား...
သူ့ စိတ်ထဲမှာ ကျွန်တော်ကို ခံရခက်အောင် လုပ်ချင်တာပဲ ရှိနေမှာ...
တကယ်တည်းကျတော့ သူ့ကိုသူ ဒဏ်ရာရနေတာတောင် သူ သိမှာမဟုတ်ဘူး ...
" Lu... ဘာလို့ သူ့ကို ခေါ်လာတာလဲ "
sexy မိန်းမရဲ့ ကျွန်တော့်ကိုကြည့်တဲ့အကြည့်က ...
သားကောင်ကို တွေ့တဲ့ မုဆိုးလိုမျိုး...ရွံတာ..
"သူ့ကို မြင်စေချင်လို့လေ..."
luhan ဆီက ထွက်လာတဲ့စကားကြောင့် ထိုမိန်းမ မျက်ခုံးတွေမြင့်တက်သွားတယ်...
"မြင်စေချင်လို့ ??? "
ထိုမိန်းမရဲ့ အမေးနောက်မှာ luhan ဆီက ခပ်လှောင်လှောင်အပြုံးတစ်ခုကို ကျွန်တော်ရလိုက်လေရဲ့....
ကျွန်တော် coffee ခွက်ကို အပြစ်မရှိအပြစ်ရာ မော့သောက်ပစ်လိုက်တယ်...