"Lost of crying"

4.1K 430 11
                                    

*အချစ်​ က အချစ်​ ပဲမလား *

"Baek .."

ကျွန်​​တော့်​ ​ရှေ့မှာ ခပ်​​ကျော့​ကျော့ ထိုင်​​နေတဲ့ Baek က ဘာလဲ ဆိုတဲ့ ပုံစံ နဲ့ ကျွန်​​တော့်​ကို ​ဒေါသ ထွက်​စွာလှည့်​ကြည့်​တယ်​..

ဟက်​ ... ဆရာဝန်​ image မှမ​ထောက်​....

ကျွန်​​တော်​ စကား မ​ပြောပဲ Baek ကို ကြည့်​​နေ​တော့ Baek က တိတ်​ဆိတ်​မှုကိုပါ အလိုလို စိတ်​တိုင်းမကျဖြစ်​​နေတယ်​ ထင်​ပါရဲ့....

"Luhan !!! မင်း ငါ့ကို လာမရွဲ့နဲ့​နော်​.."

ကျွတ်​ .. ဘာလဲကွာ ... သူ​စိတ်​တို​နေလို့လည်း ငြိမ်​​ပေးရ​သေး အလာကြီးရယ်​...

ကျွန်​​တော်​ ခပ်​မဲ့မဲ့ ပြုံးလိုက်​ရင်း Baek က ပုခုံးတွန့်​ပြလိုက်​တယ်​... အရွဲ့တိုက်​မှန်းသိ​အောင်​ ​လေတစ်​ချက်​​တောင်​ ချွန်​ပြလိုက်​​သေး....

"Luhan!!!!!!!!!! Xiao luhan!!"

စားပွဲခုံ ကို တဒုန်းဒုန်း ထုရင်း Baek က စိတ်​မရှည်​စွာ ထ​အော်​​တော့ ကျွန်​​တော်​ အလိုလိုမျက်​​မှောင်​ ကြုပ်​မိသွားတယ်​...

ဘာလဲ .. ဘယ်​စကားကများ အာ့​လောက်​ ​ဒေါသထွက်​စရာပါလို့လဲ...

ကျွန်​​တော် ​ပြောမိတာ Xiu ကို ​ရွေးချယ်​ မယ်​လို့ ​ပြောမိရုံ​လေးတင်​ ကို....

"Luhan... သူတို့က မင်း ​ရွေးချယ်​ ချင်​သလို ​ရွေးချယ်​ လို့ ရတဲ့ နယ်​ရုပ်​​တွေ မဟုတ်​ဘူး "

ဘာလဲဟ... drama လာရိုက်​​နေတာလား...

"ဟက်​ .."

ကျွန်​​တော်​ ကလည်း ကျွန်​​တော်​ ပါ ...

Baek ​ပိုစိတ်​တို​အောင်​ ဟန်​လုပ်​​တောင်​ ရယ်​ပြလိုက်​​သေး....

"Luhan .."

Baek အသံ က တိုးဝင်​သွားပြန်​တယ်​...

" နာကျင်​ရမယ့်​ လူက တစ်​​ယောက်​တည်း မဟုတ်​ဘူး​နော်​.."

နာကျင်​ရမယ်​ .. ဘယ်​သူကလဲ...

Sehun??? Xiu ???

သွားစမ်းပါ... ဘာများ ထူးပြီး အဆန်းတကြယ်​ဖြစ်​​နေလို့လဲ...

"Baby , Don't cry " [ Completed ]Where stories live. Discover now