" ထွက်သွား !!! "
သူ့ဆီက အော်သံကြောင့် ကျွန်တော့် တစ်ကိုယ်လုံးတုန်တက်သွားတယ် .. သူ့အနားကို လာဖို့ကြိုးစားနေတဲ့ ကျွန်တော့်ကို သူတွန်းလွှတ်နေတာ ..
ဘေးနားက Shixun လို့အမည်ရတဲ့ သူနဲ့ ပုံတူကောင်လေးက လည်း ကျွန်တော် နဲ့ သူ့ရဲ့ အဖြစ်အပျက်ကို သက်ပြင်းတစ်ရှိုက်ရှိုက်နဲ့ ငေးနေတယ်...
* ပြောတော့ဖြင့် ငါ့ကို ချစ်တယ် ဆို ..Oh sehun.. ဘာလို့ အခု တွန်းထုတ်နေရတာလဲ *
"Sehunna... ငါလေ .. Xiao luhan လေ .."
"သိတယ် .. ခင်ဗျားက Xiao luhan !! "
ခင်ဗျား တဲ့လား ..
မရင်းနှီးတဲ့ နာမ်စားက အစိမ်းသက်သက်ဆန်လိုက်တာနော် .. ကျွန်တော့်လက်ကို တင်းတင်းဆုတ်လိုက်တော့ သိမ့်ခနဲ အောင့်တက်နေတဲ့ ရင်ဘတ်က ပိုဆိုးလာတယ်..
* နာကျင်ပူလောင် လိုက်တာ..*
လူနာဝတ်စုံလေးနဲ့ သူက နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ကျွန်တော့်ကို စက်ဆုပ်ဖွယ် အကောင်တစ်ကောင်အဖြစ်စိုက်ကြည့်နေတာ...
* အကြောင်းအရင်းက ဘာလဲ .. Sehunna..*
"ခင်ဗျားကြီး .. ကျွန်တော့်ရှေ့က အခုထွက်သွား .. ထွက်သွား .!! "
သူ ထိုင်နေရင်း ဘေးက တင်ထားတဲ့ ဖန်ရေခွက်နဲ့ နံရံကို လှမ်းပေါက်ရင်း အော်တယ် ..
ကွဲထွက်လာတဲ့ ဖန်စ တစ်ခုက ကျွန်တော့် ပါးပြင်ကို လာရောက်ရိုက်ခတ်တယ်ထင်ပါတယ် .. ပူခနဲ ကျိန်းစက်မှုနဲ့ အတူ.. ကျွန်တော် လက်နဲ့ အသာလေးထိကြည့်တော့ ..
သွေးစတွေ ..
တောင့်ခံထားတဲ့ ကျွန်တော့်ခြေအစုံက ပျော့ခွေလဲသွားတော့ .. Shixun ဆိုတဲ့ ကောင်လေးက ကျွန်တော့်ကို ပြေးထူတယ် ..
* Oh sehun သာဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ နော် *