"LU!!! LU!!! "
နောက်က အော်သံကြားပေမဲ့ ကျွန်တော် နောက်ကို ယောင်လို့တောင် လှည့်မကြည့်!
ရော် .. လှည့်မကြည့်တာကလည်း .. ကျွန်တော့် ကို ခေါ်နေတဲ့ လူက Oh sehun ဆိုတဲ့ လူသားမို့ပါ..
"Lu.. ကျွန်တော့်ကို ရှောင်နေတာလား "
Sehun က ကျွန်တော့် ရှေ့ကို ပိတ်ရပ်ရင်း ပြောတော့ ကျွန်တော် ခေါင်းငိုက်စိုက်ချရင်း သူစီးထားတဲ့ Shoe အနီရောင် လေးကို ငေးကြည့်မိတယ်...
မဟုတ်ဘူးလေ...
သူ... က...အနီရောင် ဖိနပ် ၀တ်ရတာ မကြိုက်ဘူး...
flash black start;::::::
"ဘာလို့ အာ့အဖြူပဲ ၀တ်နေတာလဲ ဖိနပ်ကို ... Lu က အာ့အဖြူရောင် မကြိုက်ပါဘူး ဆိုနေ.."
ကျွန်တော် မျက်မှောင်ကြုတ်ရင်း အော်လိုက်တော့ သူ ဆိုတဲ့ Oh sehun ကလေ.. ကျွန်တော့်ကို ခပ်ဟဟလေး ရယ်ပြပြီး.. သူ့ Shoe လေးကို ငုံ့ကြည့်ရင်း..
"အဖြူရောင်က တိမ်တွေ လိုပဲ မို့လေ.. သဘောကျတယ်"
သူ ထပ်ခါ တလဲလဲ ၀တ်နေတဲ့ ဖိနပ်လေးကို ပြုံးကြည့်ရင်း ကျွန်တော့်ကို ခုန်ဆွ ခုန်ဆွ လုပ်ပြတယ်..
Flash back end:::::::
တိမ်တွေ .. တဲ့လား ..
" အဟင်း ချစ်ဖို့ကောင်းတယ် "
"ဘာကြီးး ...Lu တစ်ယောက်တည်း ဘာတွေပြောနေတာလဲ.."
ကျွန်တော် သူ့ကို မော့ကြည့်လိုက်တော့ ကျွန်တော့်ကို အထူးအဆန်း သတ္တဝါ လို စိုက်ကြည့်နေတယ်...
"Aryni ... ဘာမှမဟုတ်ပါဘူး "
ကျွန်တော် ရှေ့မှာ ပိတ်ရပ်နေတဲ့ သူ့ကို ရှောင်ကွင်းသွားပြီး ကျော်သွားတော့ သူက ကျွန်တော့်လက်ကို ဆွဲထားတယ်...
"Lu ဘာလို့ ကျွန်တော့်ကို ရှောင်နေတာလဲ "
ရှောင်သင့်လို့ ရှောင်နေတာလေ.... ငပိန်းကောင်ရဲ့