အချစ် က ဘာလဲ ...
မိုးစက်ကလေးတွေပြေးလွှားနေတဲ့ ကားမှန်ဘက်ကို တစ်ချက်ငဲ့ကြည့်လိုက်မိတယ် .. ချန်ရစ်ခဲ့ရတော့မဲ Seoul မြို့က .. အခုမှ သိပ်လှပြနေသလိုပါပဲလား ..
နှမြောတသ ဖြစ်မိအောင် ကိုယ့်စိတ်ကပဲ ဖန်တီးလေသလား .. အစောကတည်း က မသိကျိုးကျွံပြုမိခဲ့တာလား ..
Seoul ဟာ .. တစ်ကိုယ်ကောင်းဆန်စွာ .. သိပ်လှတယ် ..
ဟင်းဟင်း .. မုန်းချင်စရာကြီး ..
Seoul ထက်စာရင် ကျွန်တော် သိပ်ချစ်ခဲ့တဲ့ Xiao luhan က အဆတစ်ရာမက လှတာကိုပဲ ..
ဟုတ်ပါရဲ့ ..
တနင့်တစူး မြတ်နိုးဖူးတဲ့ ..သမင်မျက်ဝန်းလေးတွေကို အပြီးအပိုင် နှုတ်ဆက်ခဲ့ရတော့မှာပဲ ..
ဟင်းး ဒါက ပိုမုန်းဖို့ကောင်းတယ် ..
"Sehun... နင် ..Luhan ဆီပြန်မသွားတော့ဘူးလား "
ကားခေါင်းခန်းထဲက Xiu က ကျွန်တော့်ဘက်လှည့်ပြီးမေးတယ် .. သူမ မျက်နှာက ကျွန်တော့်ကို ရပ်တန်းက ရပ်စေချင်သယောင် ..
"Noona.. တောင်းပန်ပါတယ် .."
ကျွန်တော့်နှုတ်ခမ်းဖျားက တိုးသိမ့်စွာ ထွက်ကျသွားတဲ့ စကားလေးက ကျွန်တော့်ကို ကျွန်တော် လိပ်ပြာမလုံလိုက်တာ ...
အမ ဆီက သူ့ကို လုယူပြီး အသေအချာ ကာကွယ်ပေးမယ်လို့ ကတိပေးခဲ့ပါရက်နဲ့ အခု သူ့ကို ထားခဲ့ရပြန်ပြီ ..
"Aryni..Sehunna .. ငါ့ကို တောင်းပန်စရာမလိုဘူး .. ငါနဲ့  သူ လမ်းခွဲခဲ့ပြီးပြီပဲကို "
တစ်ချက်ပြုံးပြရင်း ပြောလိုက်တဲ့ .. Xiu မျက်ဝန်းမှာ မျက်ရည်တွေ ငွေ့ငွေ့လေးရစ်သီနေတယ် . .
"ငါ့ကို တောင်းပန်ချင်တယ် ဆိုရင် .. Luhan ဆီကို ပြန်မသွားပေးနိုင်ဘူးလား ဟင် .. ဟမ် ..hunna"
ကားမောင်းနေတဲ့ shixun hyung က ကားမှန်ထဲက နေ ကျွန်တော့်ကို အသနားခံလှမ်းကြည့်နေတယ် ..