" ဘာလို့ ငါ့ကို မုန်းနေတာလဲဟင် Xiao lu "
တော်ပါတော့ ...
အဆတ်မပြတ်ထိုးကိုက်နေတဲ့ ခေါင်းနဲ့ တစ်ချက်တစ်ချက် ဝင်လာတဲ့ သူ့အသံ..
ဘာတွေလဲ ...
ဒီ အိမ်မက်က ခုထက်ထိ မရပ်နိုင်သေးဘူးလား ..
Tsk ..
စုံမှိတ်ထားတဲ့ မျက်လုံးအောက်ကနေ မကျချင်ဘဲနဲ့ ကျတဲ့ မျက်ရည်တွေ စီးလိမ့်သွားလေရဲ့ .
Oh se ...
ငါတို့ပတ်သတ်မှုက အဲ့လောက်တောင် နာကျင်စေခဲ့ပြီလား ...
"ကျွတ် ..."
မဖွင့်ချင်ဘဲ ဆန္ဒပြနေတဲ့ မျက်ခွံကို ဥပေက္ခာပြုပြီး အားယူဖွင့်ကြည့်လိုက်တော့ ..
အဖြူရောင်ပကတိ မျက်နှာပြင်က Xiao lu ကို သရော်ဖို့ စောင့်နေလေရဲ့...
အခုရောက်နေတာ .. ဆေးရုံပဲပေါ့ ..
" ငါ မသေသေးဘူးလား စိတ်ပျက်စရာ .."
စုတ်တစ်ချက်သပ်လိုက်ရင်း ဘေးဘီကို ဝဲကြည့်မိတော့ ...
ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ခုတင်ပေါ် ခေါင်းလေးစောင်းပြီး အိပ်ပျော်နေတဲ့ Oh se ...
ဟင်းဟင်း ... drama မှာ မြင်ဖူးနေကျ sense လိုမျိုးပဲပေါ့...
ကျွန်တော် နေမကောင်းတဲ့နေ့တွေတိုင်း ဒီလိုမြင်ကွင်းမျိုး က ဖြစ်နေကျပါပဲ...
ဟက် ... ကဗျာ မဆန်လိုက်ပုံများ ...
Drag သွင်းထားတဲ့ လက်က အပ် ကို ကြမ်းကြမ်း တမ်းတမ်း ဆွဲနှုတ်လိုက်တော့ ခေါင်းက ရိပ်ခနဲ မူးသွားသလိုလို...
ရှုပ်တယ် ... ဖြစ်ချင်ရာဖြစ်...
သေချာတာကတော့ မွှန်ထူနေတဲ့ ဒီအခန်းထဲက ထွက်ချင်တယ် ..
အမှန်တိုင်းပြောပြရင်တော့ သူ ရှိနေတဲ့ နေရာက ထွက်သွားချင်တာပါ...
"Xiao ... lu ..lu .."
Oh se ဆုပ်ကိုင်ထားတဲ့ ကျွန်တော့်လက်ကို ဖြုတ်ချမယ် လုပ်တုန်း သူ့ဆီက ယောင်သံသဲ့သဲ့လေးကြားလိုက်ရတယ်...
တော်တော့ Oh se ..
ငါ့ဆီက ဂရုဏာသက်မှုကို မလိုချင်စမ်းပါနဲ့ ..