ဘာလဲ . . .
အခု ကျွန်တော်က ဘာဖြစ်သွားပြီလဲ . . .
အစေခံ ??? . . . ဒါမှမဟုတ် . . သူ့အတွက် ဘာမှ အသုံးမ၀င်ခဲ့တဲ့ အပိုင်းအစ တစ်ခုလား ..
မျက်နှာကို မော့ချ ပစ်လိုက်တော့ Xiao lu မုန်းတဲ့ မိုးစက်တွေ က မျက်နှာ ကို ခပ်ကြမ်းကြမ်း လာရိုက်ခတ်တယ် . . .
Xiao Lu ...
ကျွန်တော့် ဘ၀ က သူ မလာခင် ဘာတွေ ဖြစ်ခဲ့ လဲ..
ပျော်ရွှင်နေရဲ့လား . . .
အခု ကျွန်တော် သူမရှိတဲ့ နေရာ ထိ ထွက်ပြေးသင့်လား . . .
"ကျစ် . . ဒီလူ ရူးများနေလား "
လမ်းမ အလယ်မှာ ကြောင်တောင်တောင် မိုးရေ အစို ခံပြီး ပေရပ်နေတဲ့ ကျွန်တော့်ကို လူ အချို့က ကျိန်ဆဲသွားကြတယ် . . .
ဟုတ်တာပေါ့ . . . ကျွန်တော် ရူးသွပ်ခြင်းကနေ ရုန်းထွက်သင့်ပြီမလား. . .
ကျွန်တော် အခု ဘာလုပ်သင့်လဲ . . .
"တော်တော့ အိမ်ပြန်သင့်ပြီ Oh sehun "
ကြားရတယ် . . လူတစ်ယောက်က ကျွန်တော့်ကို အော်ပြောနေတာ . . .
ဘာလို့လဲ . . .
အခုထိ မိုးရေ တွေ မရပ်သေးဘူး . . .
မရပ်သေးဘူး . . .
Xiao lu ရဲ့ အမုန်းတရား တွေ မရပ်သေးဘူး . .
မရပ်သေးဘူး . . .
ကျွန်တော် ဒီ ဇာတ်လမ်းကို မရပ် သေးဘူး . . .
"Shittt မင်းကိုယ်မင်း ဇာတ်လမ်းထဲက ဇာတ်ကောင်မှတ်နေလား မိုးရေ ကြီး ထဲမှာ "
ကျွန်တော့် နောက်က လူက ကျွန်တော့်ကို ဆွဲယမ်း ပစိုက်တာ ကျွန်တော် သိတယ် . . .
သူ့  အထိအတွေ့တွေ ကျွန်တော် သိတယ် . .
သူ့ မျက်ဝန်း တွေ ကျွန်တော် အလွတ်ရတယ် . . .
သူ့ ရနံ့လေးတွေ ကျွန်တော် ရူးမတတ်ခုံမင်တယ် . . .
အခု ဖျော့တော့နေတဲ့သူက မိုးရေစိုနေတဲ့ ဆေးရုံ ၀တ်စုံလေးနဲ့ ကျွန်တော် ရှေ့မှာ ရပ်နေတယ် . . .