"Dr. Byun baek .. shii!! "
"Nae?? "
"Dr ဖြစ်ပြီး ဘာလို့ ဆံပင်အရောင်တွေဆိုးရတာလဲ ..ဟမ် "
"ကျွတ် .."
ကျွန်တော် ရှေ့က ဆေးရုံအုပ်ကြီး မျက်ခုံးတတွန့်တွန့်နဲ့ ကျွန်တော့် ကို ဆူနေတယ်..
* ပြီးတော့ဖြင့် ကျွန်တော့်ကိုသူဘယ်တော့မှ မနိုင်တာကိုများ *
"အုပ်ကြီးကလည်းဗျာ .. dr က ဆံပင်အရောင်မဆိုးရဘူး ဆိုတာမှ မရှိတာကို.."
"အေး .. ရှိတော့ မရှိတော့ဘူး .. ဒါပေမဲ့ အခုမင်းကို မျက်စိနောက်လို့ဟေ့ .. "
"ဘာမျက်စိနောက်စရာရှိလဲ.. ဒီလောက်ကြည့်ကောင်းနေတာကို .."
ကျွန်တော့် ဆံပင်ကို ကျွန်တော် တစ်ချက်ခါပြရင်း ပြောတော့ ပန်းနုရောင်ဖျော့ဖျော့ ဆံပင်တွေက လှလှပပကြီးကို ဝဲကျ သွားတယ်...
ဟင်း .. ဒီလောက်ကြည့်ကောင်းတာကို ..
"ဟိုတစ်ခါက ရွှေအိုရောင် ဆိုးထားတယ် .. ဆူလိုက်တော့ ပန်းရောင်ထပ်ဆိုးလာပြန်တယ် .. ကဲ ပြောပါဦး နောက်ထပ် ဘာအရောင်ဆိုးချင်သေးလဲ baekhyun shi"
"အနီရဲရဲ ဆိုးကြည့်ရမလား .. ဟို Exo member တွေဆိုးသလိုလေ . "
"ဒုန်းးးးးးးးးး"
အုပ်ကြီးမျက်နှာ ဒေါသအရှိန်နဲ့ ရဲတွပ်လာပြီး စားပွဲခုံကို ဒုန်းခနဲ ထုချတယ်..
"ဖွဖွ ... wuri စားပွဲခုံလေး သနားစရာ..သူ့အားကြီးနဲ့ ထုချပစ်လိုက်တာပဲ .."
ကျွန်တော် စားပွဲခုံလေးကို တယုတယပွတ်သပ်ပေးတော့ ..
" Yaaaaa!!!! Byun Baek!!!! "
"ဟုတ် "
"ငါ အတည်ပြောနေတာနော် .."
"ကျွန်တော်လည်း အတည်ပြောနေတာပဲကို ..awwz ဒါနဲ့ အုပ်ကြီး ချို ချဉ်စုပ်လုံး လေး လှမ်းပါဦး စားချင်လို့ "
ကျွန်တော် စကားဖြတ်ပြောလိုက်တော့ အုပ်ကြီးလည်း ကြောင်တောင်တောင်နဲ့ .. ကျွန်တော့်ကို သူ့ဘက်က ချို ချဉ်လှမ်းပေးတယ် ..