"Shixun ... ဆေးရုံက ဆင်းလို့ရပါပြီ.."
အချိန်ကာလ က Hyung ရဲ့ စိတ်ဒဏ်ရာကိုတောင် တစ်ဖြေးဖြေးကုစားနိုင်ခဲ့တာပဲ..
ကျွန်တော် ခု ချိန်ထိ Wallpaper မပြောင်းရတဲ့ Ph screen လေးကို လှမ်းကြည့်မိတယ်...
အချိန်ကာလတွေ ထပ်ကြာရင့်လာခဲ့ရင်...
ကျွန်တော်လည်း သူ့ကို မေ့နိုင်တော့မှာ....
"အဲ့ဒါ ဘယ်သူလဲ..hun"
Shixhun hyung က ကျွန်တော့်လက်ထဲက phone ကို ဆွဲယူကြည့်ရင်း မေးတယ်....
*တစ်ချိန် က ကျွန်တော် သိပ်ချစ်ဖူးတဲ့လူလေ*
"Aryni... ဘယ်သူမှမဟုတ်ပါဘူး . . ကျွန်တော် Wallpaper ပြောင်းမလို့ "
Hyungဆီက နေ Ph ကိုပြန်ဆွဲလိုက်တော့ Hyung က ကျွန်တော့်လက်ကို ပြန်ဆွဲထားတယ်...
"Wallpaper ပြောင်းဖို့ကို 8 လ တိတိ အချိန်ယူခဲ့ရတာလား hunnie"
ဟုတ်တယ် .. 8 လ...သူနဲ့ မတွေ့ဖြစ်တာ 8 လ ရှိပြီ...
ဘာလဲ... အချိန်တွေအာ့လောက်ကြာသွားတာတောင်မှ... သူနဲ့ ပတ်သတ်တဲ့ Wallpaperလေးတစ်ခုတောင် ကျွန်တော်ပြောင်းလဲမပစ်နိုင်ခဲ့ဖူးလား....
hak.... ကျွန်တော် သိပ်ကို အပေါစားဆန်ခဲ့တာပဲ...
*Do you want to change phone screen wallpaper!! *
ph က တတ်လာတဲ့ Warning လေးကို ကျွန်တော် ငေးကြည့်မိတယ်....
အမှတ်တရတွေ.....Bubble tea....Americano..
ပြီးတော့ ... လက်ဖျံမှာ ထင်းနေဆဲ Mine ဆိုတဲ့စကားလုံးလေးကို ငုံ့ကြည့်မိတယ်...
သူနဲ့ ပတ်သတ်လာရင် ... ဘာလို့ အရာရာတိုင်းက ဖျက်ဆီးရခက်လာတာလဲ......
ရုတ်တရက် ရင်ဘတ်ထဲက စို့နင့်မှုတွေက လည်ချောင်းအထိ စုန်လိုက်စီးလိုက်...သူ့အတွက် ငိုနေကျ မျက်လုံးတောင် ကျိမ်းစပ် လှပေါ့...
တော်တော့ ...Sehun.. သူ့အတွက် သူ့ကြောင့်ဆိုပြီး ထပ် မရူးချင်စမ်းပါနဲ့... လုံလောက်ပြီမလား..