"သူ .. သူ ဘယ်လိုနေလဲဟင် .."
ကြွေကွဲအက်မွနေစွာ ထွက်ကျ သွားတဲ့ ကျွန်တော့်အသံက တိတ်ဆိတ်နေတဲ့အခန်းထဲမှာ အကျည်းတန်လိုက်တာ ...
သွေးပျက်နေတဲ့ ကျွန်တော့်ကို Doctor Baek က နွေးထွေးစွာ ပြန်ပြုံးပြရင်း
"Luhan ကို အခုအိပ်ဆေးပေးထားတယ် .. သူ အဆင်ပြေပါတယ် .."
စိတ်အေးစွာမျက်စိမှိတ်ချလိုက်တော့ ကျွန်တော့်ရှေ့မှာ နာကျင်စွာအော်ဟစ်နေခဲ့တဲ့ ဖြူ နုနု ကောင်ငယ်လေးရဲ့ အော်သံတွေပြန်အသက်ဝင်လာသလိုပဲ ..
* ငါ မင်းကို ချစ်တယ်လေ Sehun *တဲ့ ..
ဟင့်အင်း .. မချစ်ပါနဲ့တော့ ..Xiao lu ရယ်
မင်းအတွက် ငါဟာလေ သုံးမရတဲ့ ဒုက္ခိတတစ်ကောင်ဖြစ်နေပြီမို့ ..
"sehun.. အခုအဆင်မပြေဖြစ်နေတာ မင်းလေ .."
Doctor Baek က ကျွန်တော့်ပုခုံးကို ခပ်ဖွဖွပုတ်ရင်းပြောတော့ .. နာကျင်စိတ်က ပိုတိုးလာတယ် ..
Shixun hyung ကတော့ ကျွန်တော့်ကြောင့် အစိတ်စိတ်အမွှာမွှာကွဲသွားတဲ့ ဖန်ခွက်အပိုင်းအစတွေကို လိုက်သိမ်းနေတယ် ..
"Shii....သိပ်ရူးကြတဲ့ စုံတွဲ "
မျက်ရည်တွေဝဲပြီး အံကြိတ်ထားတဲ့ shixun hyung က ခပ်တိုးတိုးရေရွတ်နေတယ် ..
"ချစ်တယ် ဆိုတဲ့ စကားလေးတစ်ခွန်းတောင် ပွင့်ပွင့်လင်းလင်းမပြောနိုင်တဲ့ စုံတွဲပဲ ..ဟက်ဟက် "
အခုချိန်မှာ .. Hyung က အောက်ပိုင်းသေသွားတဲ့ သူ့ညီလေးအတွက် ယူကြုံးမရဖြစ်နေတော့မှာ ..
အင်း.. ဟုတ်ပါရဲ့..
*အောက်ပိုင်း သေတယ် *
ဟက် .. ကြားကြားချင်းတုန်းက ကျွန်တော်လုံးဝမယုံနိုင်ခဲ့တဲ့စကား .. အခုတော့များ .. တရင်းတနှီးတောင် သုံးစွဲမိခဲ့ပေါ့ ..
ခံစားမှုမရှိတော့တဲ့ ကျွန်တော့်ခြေထောက်ကို ကျွန်တော် ကြောင်အစွာ ထပ်ကြည့်မိတယ် ..