" လူနာရဲ့ စိတ်အခြေအနေ က တစ်နေ့တစ်ခြား ဆိုးဝါးလာတယ် ... "
သူနာပြုမ က အိပ်ပျော်နေတဲ့ hyung ကို ဆေးသွင်းပေးရင်း ပြောတယ်...
ပြီးမှ ကျွန်တော့် ဘက်ကို တစ်ချက်ပြုံးကြည့်ရင်း...
"ရှင် တို့က အရမ်းတူတဲ့ အမြွှာတွေပဲနော် "
ကျွန်တော် သူနာပြု မ ကို တစ်ချက်ပြန်ပြုံးပြမိတယ်...
ဟုတ်တာပေါ့ .. ကျွန်တော် တို့က ဘယ်သူမှ ခွဲမရအောင် တူတဲ့ အမြွှာတွေပါ..
တစ်ခုတော့ ရှိတယ်...
Shixun Hyung က ပြုံးလိုက်ရင်း ပါးချိုင့်သေးသေးလေး တစ်ခု ရှိပြီး..
ကျွန်တော့်က ရယ်လိုက်ရင် သွားစွယ်လေးတွေ ရှိတယ်...
အာ့လိုနည်းနဲ့ပဲ ကျွန်တော်တို့ကို ခွဲလို့ရတာလေ..
ကျွန်တော်တို့ နှစ်ယောက်က မှန်တစ်ချပ်ထောင်ထားသလို အရာအားလုံး တူညီနေတာမို့.....
Flash back start::::::::::
"Hun ... hun ... "
ကျွန်တော် ကျောင်းသွားဖို့ ပြင်ဆင်နေတုန်း hyung က ကျွန်တော့်အခန်းထဲ ပြေးဝင်လာတယ်...
"Imm .. hyung ပြော.."
"ငါတို့ game ဆော့ရအောင် "
"အာာ. . Hyung ကလည်း ကျောင်းသွားတော့မှာကို.."
"အင်းလေ .. အာ့မို့ ပြောတာပဲလေ.."
"ဘယ်လို.."
"ငါတို့ ဒီနေ့ တစ်ရက် လူလဲကြရအောင်လေ .. hun က shixun လုပ်... hyung က sehun လုပ်မယ်...ဘယ်သူက အရင်လူလဲထားတာ သိလဲလို့ ကြည့်မယ်လေ"
"Omm.. ဆော့မယ်"
Hyung က ပြုံးပြီး ကျွန်တော့် ကျော့င်းသားအင်္ကျီ ရင်ဘတ်မှာ ထိုးထားတဲ့ Oh sehun ဆိုတဲ့ Name tag လေးကိုယူလိုက်ပြီး...
Oh shixun ဆိုတဲ့ Name tag လေးကို ကျွန်တော့်ရင်ဘတ်မှာ လာထိုးပေးတယ်...
"ဘယ်သူ့ကို မှ ရယ်မပြနဲ့နော်.. အာ့ဆို အကုန်ပေါ်သွားလိမ့်မယ်.."