"မား . . . တစ်ခါတစ်လေ ကျရင် လေ . ."
ကျွန်တော် မားရဲ့ မြေပုံ လေး ဘေး လှဲချ လိုက်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်တယ်. .
" ကျွန်တော် . . သူ့ကို ရွေးချယ် ချင်တယ် မား "
ရွေး . . ချယ် . . ချင် . . .တယ် . .
မိုးရေ ထဲမှာ Hun ပြောခဲ့တဲ့စကားတွေ . .
ကျွန်တော့်ရင် ကို အစိမ်းသက်သက်ထိုးခွဲနေတုန်းပဲမလား . .
တစ်ခါမှ မကြည့်ဖူးတဲ့ သူ့အကြည့်ရဲရဲတွေက ကျွန်တော့်ကို တတိတိ ထိုးနှက်နေသလိုပဲ..
Hun ah . . မင်း ကို . .ငါ
လက်လွှတ်ပေးရတော့မှာ လား . . .
* ငါ မင်းကို မုန်းဖို့ ကြိုးစားကြည့်မယ် Xiao lu *
Oh se ပြောသွားတဲ့ စကား . . .
"ဟင့်အင်း !!!!. . Aryni!!!!!.ya!!!! "
ကျွန်တော် ၀ုန်းခနဲ ထထိုင်လိုက်တော့ အဝေးကနေ ကျွန်တော့်ကို စောင့်ကြည့်နေတဲ့ Baek က စိုးရိမ်တကြီးပြေးလာတယ် . . .
"Luhan . . ဘာဖြစ်လို့လဲ . ဘာဖြစ်တာလဲ . ."
Baek က ကျွန်တော့်ပုခုံးကို တင်းတင်းဆုတ်ရင်း မေးတဲ့ အထိ ကျွန်တော် . .Baek မျက်နှာကို မော့မကြည့်.
"Luhan!! မင်း အသိစိတ်ဝင်စမ်းပါကွာ . . Xiao lu!! . .သတိထား စမ်း !! မင်းတစ်ခုခု ဖြစ်သွားလိမ့်မယ် "
Baek က ကျွန်တော့်ပုခုံးကို ဆွဲယမ်း ပြီး အော်ဟစ်နေသလောက် . .
ခါတိုင်း မောက်မာ မာကျော တဲ့ ကျွန်တော် Xiao lu က . . ရေဆွတ်ခံထားရတဲ့ စက္ကူ စ တစ် စ လို့ ပျော့ဖတ်လို့ . . .
"Baek . . ."
ကျွန်တော့် အသံ တွေ တုန်ရီ အက်ကွဲနေတယ် . .
" Baek .. ငါ့ကို Oh se က တကယ်မုန်းသွားရင် ဘယ်လိုလုပ်မလဲ "
မျက်ရည် အ၀ိုင်းသား နဲ့ မေးနေတဲ့ xiao lu မေးခွန်းက Baek အတွက်တော့ အရာ အားလုံး ရပ်တန့်သွား သလိုပဲ . .
ကျွန်တော် အမှန်တရားကို မပြောပြချင်ပါ . .
အဘယ်ကြောင့် ဆိုသော်. . .
ထို အမှန်တရား သည် သူ့အား နာကျင်စေမည် အထိ သိပ်ကြောက်စရာ ကောင်း လွန်းသာကြောင့် ပင် . .
"luhan ရာ . ."
ကျွန်တော် luhan ပုခုံးကို ဖျစ်ညစ်လိုက်တယ် . .
ကျွန်တော် ဘာပြန်ဖြေပေးရမလဲ . . .
ကျွန်တော် နောက်ကျိစွာ luhan မျက်နှာကို အဖြေရှာကြည့်တော့ . .
မငို ဖြစ်အောင် တင်းထားတဲ့ သူ့ မျက်ဝန်းတွေ က တကယ့် အရူးတစ်ယောက်လို မျိုးး . .
ဒါက ကျွန်တော့် အချစ် ဆုံး သူငယ်ချင်း luhan ရဲ့ မြင်နေကြပုံစံမဟုတ်ဘူး မလား . .
*Luhan . .
မင်း တစ်ယောက်ကို တော့ လက်လျှော့ ပေးလိုက်သင့်တယ် *
အခု မင်း ပါ နာကျင်နေရပြီ မလား . . luhan . .
" Hun က မင်း ကို မမုန်း နိုင်ပါဘူး luhan ရာ "
" မုသား " ပါ . .
သို့ပေမဲ့ . .
အမှန်တရား ဖြစ်ပါစေ . . .
ကျွန်တော့် ရဲ့ ချော့မော့ သလို ပြောတဲ့ အသံကြောင့် luhan မျက်လုံးတွေ တောက်သွားတယ် . .
ဒါပေမဲ့ ကျွန်တော့ ရင်ထဲ တစ်ချက် မုန်တိုင်း ၀င်သွားသလိုပဲ .
အာ့လောက် အယုံ မလွယ် ရဘူး လေ luhan . .
ကျွန်တော့် luhan ကို တစ်ချက် ဟန်ဆောင် ပြုံးပြလိုက်တော့ . . Luhan မျက်နှာ ပြန်ညှိုးကျသွားတယ်. .
သူ သိတယ် . . .
ကျွန်တော် လိမ်နေတာ ကို သူသိတယ် . .
ဒါပေမဲ့ . .
အဲ့ မဖြစ်နိုင်တဲ့ မုသား ကိုပဲ သူ ယုံ ဖို့ ကြိုးစားနေတယ် . .
* မင်း ရူးနေလား Luhan ရာ *
စူးအောင့်နာကျင် နေတဲ့ Luhan အစား . . ကျွန်တော့် မျက်ရည်တွေ ပဲ အစားထိုးစီးဆင်း လာလေရဲ့
*အရှုံး တကာ့ အရှုံး ထဲတွင် . . .
"အချစ်တရား " သည် . .
လက်ရာအမြောက်ဆုံး အလှပဆုံးသော . .
အရှုံးတရားပင် ဖြစ်သည် *