" Xiao lu .. "
ကျွန်တော်ရဲ့ ဒေါသတကြီး အော်လိုက်သံကြောင့် သူက မဆိုစလောက်လေး လှည့်ကြည့်တယ်..
ပြီးမှ မထူးဆန်းသလို လုပ်ရင်း မှန်ရှေ့ရပ်ပြီး necktie စည်းနေလေရဲ့ ..
"Xiao lu .. တကယ်ကြီး အဲ့လို ဖြစ်စေချင်နေတာလား "
ကျွန်တော့်ရဲ့နောက်ထပ် အမေးကို သူ ပြန်မဖြေ..
ဒါ .. . သိပ်ကို တရားလွန်သွားပြီ...
"ငါ ကျောင်းကနေ လုံးဝ မထွက်နိုင်ဘူးနော် "
"ဘယ်သူက ထွက်ခိုင်းလို့လဲ .. ငါ့ တတ်တဲ့ကျောင်းကို လိုက်တတ်ခိုင်းနေတာလေ "
"Luhan !! "
ကျွန်တော့်ရဲ့ စိတ်မရှည်စွာ ရေရွတ်သံက သူ့ကို ဒေါသပိုထွက်စေတယ် ထင်ပါတယ်...
" ဘာလဲ မင်း က ငါနဲ့အတူကျောင်းမတတ်ချင်တာလား Oh se ဒါမှမဟုတ် မင်းရဲ့ကောင်နဲ့ ခွဲရမှာ သိပ်ကြောက်နေတာလား"
သူ့ရဲ့ ခနဲ့ တဲ့ စကားတွေက ကျွန်တော့် သိက္ခာကို စော်ကားလိုက်သလိုပါပဲ..
"chanyeol က ငါ့ရဲ့သူငယ်ချင်းလို့ မင်းကို ဘယ်နှစ်ခါပြောရမှာလဲ Luhan "
"ဆောရီးပါ .. ငါမယုံပေးနိုင်တော့ဘူး ဟက်"
ဘယ်တုန်းကရော သူ.. ကျွန်တော့်ကို ယုံကြည်ပေးခဲ့လို့လဲ..
"တောက် !"
ကျွန်တော့်ရဲ့ တက်ခေါက်သံကြောင့် သူ့နှုတ်ခမ်းလေးတွန့်ချိုးသွားတယ်...
မင်း.. အခု .. ပြုံးလိုက်တာလား ..Xiao lu
"အခု ကျောင်းသွားမယ် .. မင်း ငါ့နောက် လိုက်မှာလား မလိုက်ဘူးလား "
ကျောပိုးအိတ်ကို ဆွဲယူပြီး ကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေတဲ့ သူကို ကျွန်တော် စိတ်ပေါက်ပေါက်နဲ့ စိုက်ကြည့်မိသည်...
"လိုက်မယ် .."
"ဟင်း ..ငြင်းနိုင်တာလည်း မဟုတ်ဘဲနဲ့များ .."
သူ က ခပ်ဖွဖွလေးပြုံးရင်း ပြောလိုက်တော့ ကျွန်တော့်ရင်ထဲက ဒေါသတွေ ဘယ်ရောက်သွားမှန်းမသိ...
သူကပဲ... ကျွန်တော့်ကို အရမ်းပြုစားနိုင်ခဲ့တာပဲလား
ဒါမှမဟုတ်...