" Final Mission "

3.9K 472 31
                                    

"Doctor Baek!!!! အ​ရေး​ပေါ်လူနာ !!! "

"Ok .. Ok "

ကျွန်​​တော်​ ၀ုန်းခနဲ . . ​ဆေးရုံ​ရှေ့ကို​ပြေးသွား​တော့ သူနာပြု​တွေပါ လိုက်​လာတယ်​...

"ဘာဖြစ်​တာတဲ့လဲ "

"ကားတိုက်​မှုဖြစ်​တာပါ . . ဒဏ်​ရာ ရသူက​တော့ နှစ်​​ယောက်​ပါ "

"OK .. ပထမကားနဲ့ ၀င်​လာတဲ့ လူနာကို ကျွန်​​တော်​ တာဝန်​ယူလိုက်​မယ်​ .. ဒုတိယ လူနာကို တခြား ဆရာဝန်​တာဝန်​ခံ ဆီလွဲ​ပေးလိုက်​ပါ "

"ဟုတ်​ကဲ့ .. Doctor "

ဆေးရုံ အ​ရေး​ပေါ်ကားက ကျွန်​​တော်​ တို့ဆီကို ​ဆိုက်​လာ​တော့ ကျွန်​​တော်​ ပထမဆုံးဝင်​လာတဲ့ကား ဆီ​ပြေးသွားလိုက်​သည်​..

ကားထဲမှ သူနာပြု​တွေက အရင်​ ကျွန်​​တော်​ ဆီ​ပြေးလာပြီး ...

"Doctor .. လူနာက စိုးရိမ်​ရတယ်​ .. အဆုတ်​ကို ထိသွားတဲ့ပုံပဲ .. အသက်​ရှူ နှုန်း​တွေ မငြိမ်​ဘူး "

"Oxygen ​ပေးဖို့ စီစဉ်​​ပေးထားပါ "

"Nae .."

ကား​ပေါ်က လူနာ တွန်းလှည်းပါ တစ်​ဆက်​တည်းချလာတာမို့ ကျွန်​​တော်​ လူနာကို ကုရန်​​ပြေးသွား​တော့ ....

* အချိန်​ကာလ တစ်​ခုက . . ဒိန်း ခနဲ ရပ်​တန့့်​သွားသလိုပဲ *

"Luhan!!!! ??? "

သွေး​တွေ အလိမ်းလိမ်း စွန်း​နေတဲ့ ခန္ဓာကိုယ်​နဲ့ ​ဖွေးဆတ်​​ဖျော့​တော့ ​နေတဲ့ ကျွန်​​တော့်​သူငယ်​ချင်း..

* ဒါ.. ဆို.. ဒုတိယ ကားက လူနာက ဘယ်​သူလဲ *

"DOCTOR BAEK!!!!!! လူနာ အ​ခြေအ​နေဆိုး​နေပြီ"

သူနာပြုမ ​တွေ အ​ရေးတကြီး ​အော်​သံကြားမှ ကျွန်​​တော်​ ကိုယ့်​ ကျွန်​​တော်​ ဆရာဝန်​ ဆိုတာ သတိရသွားတယ်​ ထင်​ပါတယ်​....

" အ​ရေး​ပေါ်ခန်းထဲ ပို့မယ်​ "

"ဟုတ်​ကဲ့ "

"ရင်​ဘတ်​​တွေမှာလဲ မှန်​ကွဲစ ​တွေ စိုက်​​နေတဲ့ အပြင်​.."

ဘေးနားက သူနာပြုရဲ့ စကားမဆုံးခင်​ .. နှလုံး အချက်​​ပေးစက်​က​နေ တတီတီ အချက်​​ပေးသံကြီးမြည်​လာတယ်​....

"Baby , Don't cry " [ Completed ]Where stories live. Discover now