" Baek ..Baek.. lu appa ဆီသွားမယ်လေ ..လာလေ ..baek.."
ကျွန်တော့်လက်ကို ဇွတ်အတင်းကုတ်ဆွဲထားတဲ့ ဖျော့တော့နေတဲ့ မျက်နှာလေးနဲ့ ဆေးရုံဝတ်စုံလေးဝတ်ထားတဲ့ကောင်ငယ်လေး ကို ကျွန်တော် ပြန်ခေါင်းခါပြရင်း သူဆွဲထားတဲ့ လက်ကို လွှတ်ချလိုက်တယ်..
"Lu appa က သေသွားပြီလေ .. Lu ရဲ့ "
"Arnyi.. appa ရော omma ရော ရှိပါတယ် baekရယ် .. သူတို့က lu ကို လှမ်းခေါ်နေကြတာ..baekရဲ့"
lu က သူ့လက်ထဲက ဆေးသွင်းထားတဲ့ ပိုက်ကို ဇွတ်ဆွဲဖြုတ်ရင်း .. ကုတင်ပေါ်က အတင်းဆင်းမယ် လုပ်တော့ .. ကျွန်တော် lu ကို ဆွဲထားရတယ်..
"သားလေး Lu.. စိတ်ထိန်းလေ..သားappaက ကောင်းတဲ့နေရာသွားတာပါ သားရဲ့ "
ကျွန်တော့် appa က ရုန်းကန်နေတဲ့ luhan ကို ချုပ်ထားရင်း တီးတိုးပြောတော့ .. luhan ရဲ့ နာနာကြည်းကြည်းအကြည့်တွေက ကျွန်တော့်ဆီမှာ...
"Baek baek..မတရားဘူး ..baek baek မတရားဘူး ..Baek မှာကျ appa ရှိပြီး lu မှာကျ မရှိဘူးတဲ့ ...Baek baek လူလိမ်..."
ငါ ဘယ်လို ပြောပြရပါ့မလဲ...Luhan ရယ်.
"Baek Baek ကို မုန်းတယ် !!! Baek Baek က လူလိမ်!!! Lu appa ရှိနေသေးပါတယ်ဆိုနေ!!!!! "
ကလေးငယ်တစ်ယောက်ရဲ့ အဆုံးမဲ့ ယုံကြည်မှုကို ကျွန်တော် ရိုက်ချိုးရက်ပါ့မလား ...
"Appa က ပြန်လာမှာ ..Lu ဆီပြန်လာမှာ"
တအိအိ ရှိုက်ငို ရင်း အော်ဟစ်နေတဲ့ .. luhan ကို ကြည့်ရတာ.. အရူးတစ်ယောက်လိုပဲ ..
ကျွန်တော့် Appa က lu ကို စိတ်ငြိမ်ဆေး ထိုးပေးလိုက်တော့ ..lu ခနတော့ ငြိမ်သွားပါရဲ့ ..
ဒါပေမဲ့လည်း အစားမစား ဘာမစား နဲ့ အိပ်ယာက နိုးလာတာနဲ့ တအိအိငိုရင်း သူ့Appa ကို ခေါ်ပေး ပါ လို့ အော်ဟစ်ရင်း .. သူတဖြည်းဖြည်းအားနည်းလာပြီ ..
"Lu လေးက သူ့ရှေ့မှာ appa ရော omma ရော သေသွားလို့ စိတ်အရမ်းထိခိုက်သွားတာ ..
. ကြာရင် စိတ်ထိခိုက်ပြီး ရူးသွားလိမ့်မယ်.."