အေးစက်ခြင်း JEON

67K 2.8K 74
                                    

(Unicode)

အေးစက်ခြင်းဂျွန်

အရက်စက်ဆုံးစကားတွေနဲ့ ပြင်းပြင်းထန်ထန်
မုန်းအောင်ပြောလည်း ထိုနှုတ်ခမ်းပါးများကို
ကျွန်တော်ချစ်သည်။

အကြမ်းတမ်းဆုံးနှိက်စက်ခြင်းတွေနဲ့ သေရာပါ
ဒဏ်ရာတွေပေးလည်း ထိုဖြူဥနေသော
လက်နုနုထက် ကျွန်တော့်သည်းခံခြင်းတွေ
သွန်းလောင်းစေမည်။

သားရဲတစ်ကောင်လို ခက်ထန်ကြမ်းကြုတ်တဲ့
သူ့စရိုက်တွေနဲ့ အသားမကျရင်လည်း
မျက်စိစုံမှိတ်၊ အံတင်းတင်းကြိတ်ကာ
ကျွန်တော့်နာကျင်ခြင်းတွေကိုဖုံးဖိထားဦးမည်။

တကယ်တမ်းတော့ ကျွန်တော့်ရှင်သန်ခြင်းက

တစ်ခါတစ်ရံ အသက်ကင်းတဲ့လူလို၊

တစ်ခါတစ်ရံ ခိုင်းချင်ရာခိုင်းလို့ရတဲ့
တိရစ္ဆာန်တစ်ကောင်လို၊

တစ်ခါတစ်ရံ ပညတ်ထားတဲ့စည်းကမ်း
တွေကြားထဲက တပ်သားတစ်ယောက်လို၊

တစ်ခါတစ်ရံ သူစိတ်ဖြေရာအသုံးတော်ခံမယ့်
ပျော်တော်ဆက်တစ်ဦးလို ၊

သူထားတဲ့နေရာနေ၊ သူသေဆိုသေ၊
သူရှင်ဆိုရှင်၊ သူကျွေးတာစား၊ အတန်းစားနိမ့်သော
ကျွန်သုံ့ပန်းတစ်ယောက်အဆင့်မျှသာ။

သူပိုင်ဆိုင်သင့်သည်ဟု အငြင်းပွားလိုက်၊ ကိုယ်ပိုင်ဆိုင်သင့်သည်ဟု အငြင်းပွားလိုက်ဖြင့်
နှစ်ဦးနှစ်ဖက်သဘောတူညီမှု့မရခဲ့သည့်
နယ်မြေအတွက် အသက်ပေါင်းများစွာ
စတေးရင်း သွေးချောင်းစီးခဲ့သည်မှာ
အဆက်ဆက်သော ခေါင်းဆောင်တို့
အလီလီပြောင်းသည့်တိုင်အောင်
မငြိမ်းနိုင်သောနယ်မြေလုပွဲဖြစ်ခဲ့ရသည်။

အငြိုးတကြီးအမုန်းတွေ မျိုးနွယ်စုနှစ်ခုကြားထဲ
ဘယ်သောအခါမှ ပြေပျောက်နိုင်မလဲဆိုသည်မှာ
မွေးရာပါအမြင်ချို့တဲ့သူကို အရောင်အဆင်းက
မည်သို့မည်ပုံရှိသည်ဟု အချိန်ကုန်ခံ
ရှင်းပြခြင်းထက်ပင်အဆများစွာ
ခက်ခဲစေနိုင်သည်။

ထိုထိုကြီးမားအငြိုးအတေးများကြား
ရေခဲကိုခွဲ၍ အလှပဆုံးထွက်ပေါ်လာသော
နှင်းရိုင်းပန်းအလား စတည်လာတဲ့
အချစ်တစ်ခု၏နိဒါန်းသည် နှင်းရိုင်းပန်းလို
အအေးဒဏ်ခံသော သဘောတရားရှိသည်
ဆိုသော်လည်း နှင်းရိုင်းပန်းလို
လှပသက်ဝင်နေသည်တော့ မဟုတ်ချေ။

Beautiful Pain [Completed]Where stories live. Discover now