(Unicode)
တမ်းတခြင်းဂျွန်ဖွင့်ဟရန်ခက်ခဲသောအလွမ်းတို့မှာ တခမ်းတနား
နိုင်လွန်းသည်။ သင်းမြမြမြေရနံ့စိမ်းက
တောင်တောင်တစ်ခွင်မယ် စို့ညှီစွာဖြင့်
လွင့်နေသည့်အလား။ ယခင်က နှစ်သက်စဖွယ်
သဘာဝတို့သည် ရုတ်ချည်းပျက်သုဉ်းသွားသလို။ဂျုံးဂု လိုအပ်သည်က သစ်ခွရနံ့ မွှေးသည့်
ထယ်ယောင်း၏ကိုယ်သင်းနံ့။တရှိုက်မက်မက်အကြင်နာတို့ ခြွေသည့်အခါတိုင်း
ဂျုံးဂုဟူ၍ တိုးတိုးလေးရေရွတ်တတ်သော
ခြူသံသဲ့သဲ့လေးကိုလည်း လွမ်းသည်။သစ်ရွက်ချင်းခတ်၊ သစ်ကိုင်းချင်းယှက်သံသာ
များမှာ... ယခုမူ နားဆင်ရန် အမေ့လျော့ခံ။မရေရာသေးတဲ့ အနာဂတ်တွေက ဘယ်နည်း
ဘယ်ပုံ ခွဲခြားမရ။ ဝေဝါးဝါးအနေအထားမျိုးနဲ့
ဆက်လျှောက်ရန်ပင် အားအင်တို့ စုပ်ယူ
ခံလိုက်ရသည့်နှယ်... ။ခရီးရှည်ကြီးရဲ့အဆုံးသတ်အထိ ထိုလက်ကလေးကို ဆုပ်ကိုင်ထားချင်မိသောအတွေးတို့မှာ အလဲလဲအကွဲကွဲ။
မရဲခဲ့ဘူးလား... ကိုယ်ဒီလိုမျိုး ရှိနေပေးမယ်
ဆိုတာတောင် ကိုယ့်နောက်မှာ ရပ်နေပေးဖို့
မင်း မရဲခဲ့ဘူးလားကလေးရယ်။အကြောင်းပြချက်တွေ မမေးရဲခဲ့ဘူး။
မင်းအဖြေက ကိုယ့်ရည်ရွယ်ချက်ကို
သတ်ပစ်နိုင်တဲ့တစ်ခုတည်းသော လက်နက်မို့။" အလွမ်းတွေ... အလွမ်းတွေ "
ဆွဲဆွဲငင်ငင် ထွက်ပေါ်လာတဲ့စကားသံ။
စကားအရိုင်းအစိုင်းတွေ မပါသော်ငြား
လှောင်ရယ်ခြင်းစွက်တဲ့ အပြောချိုချို။မီးပုံဆီမှ အကြည့်တို့ကို ဂျုံးဂုမျက်နှာလွှဲကာ
ဦးလေးဂျွန်အား ခပ်သာသာ ပြုံးပြလိုက်သည် ။" ဒီအချိန်အထိ မအိပ်သေးဘူးလား ဦးလေးဂျွန်။
ဘာတွေများ အစီအစဉ်ချထားသေးလဲ။
ပြောပါဦး ကျွန်တော့်ကို "
YOU ARE READING
Beautiful Pain [Completed]
Fanfictionစွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန်တောင်ဖျားတွင်သာ ရဲရဲနီပွင့်လန်း၏။ သခင့်ကောင်းကင်အောက် စွန့်စားရဲစေသား။ သခင့်လက်ဖျားအထက် တည်တံ့စေသား...