ထိုက်တန်ခြင်း JEON

8.3K 910 143
                                    

(Unicode)

ထိုက်တန်ခြင်းဂျွန်

ဦးလေးဂျွန်၏စကားများကို ကြားလိုက်ရပြီး
သောအခါ ဂျုံးဂု၏နားထဲတွင် ကမ္ဘာပေါ်ရှိ သက်ရှိသက်မဲ့တို့၏အသံဟူသမျှ ဆိတ်သုဉ်း
သွားသည့်နှယ်။ တစ်ခုတည်းသော ကြားနေ
ရသည်မှာ ဆောင့်တက်လာသော မိမိသွေးခုန်
နှုန်းများ၏ရိုက်ခတ်သံတို့ပင်ဖြစ်သည်။

ဦးလေးဂျွန်ကို အကြာကြီးစိုက်ကြည့်နေသော
ဂျုံးဂု၏မျက်လုံးများမှာ ကျဉ်းမြောင်းစူးရှနေခဲ့သည်။

" ဒါဆိုလည်း... သတ် ပေး မယ် လေ "

ရှတတနိုင်လွန်းသောအသံနှင့်အတူ ဂျုံးဂု၏
သေနတ်က ဦးလေးဂျွန်၏နဖူးတည့်တည့်ကို
ပြင်းထန်စွာ ထိချိန်ထားခဲ့သည်။ လည်ပင်းကြောများ
ထောင်မတတ် အံကြိတ်ထားသော ဂျုံးဂုပင်ဖြစ်သည်။
သတ်ပစ်လိုက်ဖို့ ဆုံးဖြတ်ချက်ချပြီးသော
စိတ်နှလုံးကြောင့် သူ့မျက်နှာကရဲရဲတောက်နေခဲ့သည်။

ထယ်ယောင်းကတော့ မျက်ရည်များဝဲရင်းပင်၊
ဦးလေးဂျွန်ကို အခွင့်အရေးပေးလိုက်ပါဟု
တိုးတိုးလေးပြောလာခဲ့သည်။ ဂျုံးဂုသည်
ထယ်ယောင်းကို နည်းနည်းမှနားမလည်နိုင်တော့ပေ။
ဘာဖြစ်လို့ဒီလောက်အထိတောင် အလျော့ပေး
ချင်နေရသလဲ မတွေးတတ်အောင်ပင်။ ဒီလို
စိတ်ထားမျိုးနဲ့ နယ်မြေစစ်တွေအတွင်းမှာ
သားကောင်လေးဖြစ်မသွားခြင်းကိုပင်
ကံကောင်းသည်ဟုမှတ်ရမည်ဖြစ်သည်။

" မင်းအဒေါ်ကို ကောင်းကောင်းစောင့်ရှောက်လိုက်ပါ "

နောက်ဆုံးသောအပြုံးပင်ဖြစ်သည်။

ဦးလေးဂျွန်က သေနတ်ကိုင်ထားလျက်ရှိသော
ဂျုံးဂု၏လက်များကို ဖြည်းဖြည်းချင်းအုပ်မိုးကာ၊
ခလုတ်အား ဖိချလိုက်လေသည်။ ဖောက်ထွက်
သွားသောကျည်ဖူးကြောင့် ဦးလေးဂျွန်၏နဖူးမှာ
ဟင်းလင်းပွင့်သွားခဲ့သည်။ ဂျုံးဂုသည်ထယ်ယောင်း၏
ခေါင်းကိုအမြန်ဆွဲကိုင်ကာ၊ သူ့ရင်ဘတ်၌ဖိကပ်လိုက်
သည်။

ဘုန်းခနဲဖြင့်လဲကျသွားသောအသံသည် ဒူးထောက်
အရှုံးပေးခြင်းမမည်။ ပွင့်သက်နေခဲ့သော မျက်လုံး
တို့တွင် နာကျင်နောင်တတွေရှာမတွေ့။ ပြုံးနေခဲ့သော
နှုတ်ခမ်းတို့က ပကတိအေးစက်လွန်းလှ၏။
ဦးလေးဂျွန်သည် သူ့အတ္တနှင့်သူ စတေးခံရဲသူပင်
ဖြစ်တော့သည်။ တချို့သောစိတ်နှလုံးများသည်
သြချလောက်အောင်ကို မိုက်ကန်းကြလေသည်။

Beautiful Pain [Completed]Where stories live. Discover now