(Unicode)
ရက်စက်ခြင်းဂျွန်အကြင်သူကား နှင်းအပ်ထားသည့် နှလုံးအိမ်ကို
မမြင်။ ဓားတင်းတင်းဆုပ်ထားသည့် သွေးသံရဲရဲ
လက်ခုံကိုသာမြင်၏။အကြင်သူကား မေတ္တာပြည့်ဖုံးသော အကြင်နာတို့ကို
မကြည့်။ သွေးဆာရက်စက်တတ်သော မျက်ဝန်းအိမ်
တို့ကိုသာကြည့်၏။အကြင်သူကား ခယောင်းခသော လမ်းကြမ်း
ကြမ်းမှန်းသိပါလျက် လွယ်လွယ်နှင့် ခရီးဆက်ဖို့ ပြင်၏။မိုးမသည်းတဲ့ ကိုယ့်ကန္တာမှာ တစ်ပါးသူ
သွေးနဲ့ခြေဆေးဖို့ တွန့်ဆုတ်မနေပါနဲ့လား။မင်း မျက်ရည်တွေကို ရူးလောက်အောင်
မုန်းတာမို့ ကိုယ်ပေးနိုင်တဲ့ ရက်စက်ခြင်းနဲ့သာ
နာနာကျင်ကျင်၊ အသက်ဆက်လို့ရှင်ပါ။************
ထယ်ယောင်း နေအတော်အတန်ကောင်းလာ
သော်လည်း ဂျုံးဂုက အပြင်သို့ပေးမထွက်သေး။စခန်းအနောက်ဘက်ရှိ မျိုးနွယ်စုရွာများထံသို့
လာလည်ရန်ခေါ်သော ဂျီမင်ကိုလည်း
နောက်မခေါ်နဲ့ဟု မောင်းထုတ်သည်။ယခုတလော ဖမ်းဆီးထားတဲ့ လူများ မကြာခဏ
ထွက်ပြေးလေ့ရှိလာသည်။ မတော် ထိုသူများနှင့်
ထိပ်တိုက်ဆုံခဲ့ပါက အစတောင်ချန်ခဲ့မည်မဟုတ်။
ကိုယ်အသက်ရှင်ရေးအတွက် မျက်မြင်သက်သေ
ဖျောက်ပစ်နိုင်သည်။အရေးသာနေသည့်အချက်မှာ တောင်မြင့်
ပိုင်းနယ်မြေကိုကျွမ်းကျင်သူတို့သည် ဂျွန်
မျိုးနွယ်စုဖြစ်နေသောကြောင့် ခက်ခက်ခဲခဲ
မရှိလှဘဲ အမြန်ပြန်ဖမ်းဆီးနိုင်ခဲ့သည်ပင်။ပြန်လည်ခုခံပါက နေရာတွင်ပင် သတ်ပစ်
သော်လည်း တတ်နိုင်သလောက်တော့
အရှင်ဖမ်းဆီးလေ့ရှိသည်။ ကြာကြာတော့
မထား။ ဖမ်းဆီးထားသော မျိုးနွယ်စုများ
နောက်ထပ်မပုန်ကန်ရဲအောင် ရက်ရက်
စက်စက် သတ်ဖြတ်ခြင်းကိုမြင်စေသည်။
ŞİMDİ OKUDUĞUN
Beautiful Pain [Completed]
Hayran Kurguစွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန်တောင်ဖျားတွင်သာ ရဲရဲနီပွင့်လန်း၏။ သခင့်ကောင်းကင်အောက် စွန့်စားရဲစေသား။ သခင့်လက်ဖျားအထက် တည်တံ့စေသား...