(Unicode)
ကယ်တင်ခြင်းဂျွန်
မနက်ခင်းက မလင်းသေးပေမယ့်၊ ဂျုံးဂု
မျက်လုံးများက ကျင့်သားရစွာဖြင့်
အချိန်မှန်နိုးထလာခဲ့သည်။ညက သူ့ရင်ခွင်ထဲ၌ အိပ်ပျော်သွားသောထယ်ယောင်းကို မြေအောက်ခန်းမှအပေါ်သို့ သူရွေ့ခဲ့သည်။
သို့သော် ထယ်ယောင်းမှာ တုပ်တုပ်မျှမလှုပ်။
တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့တာ။အခုတော့ မနိုး၍မရ။ ပြတင်းတံခါးကို
ခပ်ဟဟဖွင့်ပြီး သူအပြင်သို့ကြည့်မိတော့
သွားရန်စုရုံးနေကြတဲ့ လူအနည်းငယ်ကို
တွေ့နေရပြီ။လမင်းသည် အလင်းမကွယ်သေး။
မီးတုတ်တိုင် စီရရီက ယိမ်းနွဲ့သော
မြက်နုစိမ်းများပေါ်ဝယ် ထွန်းညှိတောက်
လောင်လျက်။ စကားသံတစ်စနှစ်စဖြင့်
စခန်းက စတင်အသက်ဝင်လာသည်။
များမကြာမီ ရောင်နီပျို့တော့မည်။မနေ့ညကမှ တိုက်ပွဲ ပူပူနွေးနွေးဖြစ်ထား
သော်လည်း ခရီးစဉ်အား ရွှေ့ဆိုင်း၍မရ။
လက်နက်ရိက္ခာက အရင်းခံလိုအပ်ချက်
တစ်ခုဖြစ်နေသောကြောင့်ပင်။ အားလုံးမှာ
ပင်ပန်းပါသော်လည်း ခေါင်းဆောင်
စကားကြောင့် မျက်နှာမငြိုငြင်ရဲကြ။
ဂျုံးဂုအကဲခတ်မိသော်လည်း အထူးတလည်
ညှာတာ မနေနိုင်တော့။ သာတူညီအမျှ
ဒီလမ်းကြမ်းတစ်လျှောက်တွင် အဘယ်သူ
တစ်ဦးမှ အခွင့်ထူးခံမပါကြ။ သွေး၊ ချွေး၊
နာကျင်ခြင်းများ ရင်းရင်ရင်းသလောက်
အနာဂတ်သည် ပိုပိုတောက်ပလာနိုင်သည်။
အသေချာဆုံးက သေခြင်းတရားဖြစ်သော်ငြား
ထိုနေ့သည် ဒီနေ့မဟုတ်။ မနက်ဖြန်တိုင်းတွင်
မျှော်လင့်ခွင့်ရှိသည်။ မနက်ဖြန်တိုင်းတွင်
မျိုးနွယ်စု၏အပြုံးများရှိသည်။ မနက်ဖြန်တိုင်း
တွင် အားအင်အသစ်ဖြင့် နိုးထရန်တက်ကြွ
နေသည့် လူငယ်များစွာရှိသည်။ မနက်ဖြန်
တိုင်းတွင် တစ်ဦးတည်းသောသူ၏
ကြည်ပြာပြာ မျက်လုံးလေးများကို
တမေ့တမော ငေးကြည့်ပိုင်ခွင့်ရှိသည်။
ကြိုးစားခွင့်က မနက်ဖြန်မမည်သော
ယနေ့၌သာ အစပြု၏။ယခုတစ်ခေါက် ခရီးစဉ်တွင် ထယ်ယောင်းကိုပါ
ခေါ်ဖို့ သူ ညကတည်းကတွေးထားခဲ့ပြီး
ဖြစ်သည်။ နှိုးရန်အကြံဖြင့် ထယ်ယောင်း
ဘက်သို့ သူ လှည့်ကြည့်လိုက်တဲ့အခါ... ၊
![](https://img.wattpad.com/cover/82269445-288-k106411.jpg)
YOU ARE READING
Beautiful Pain [Completed]
Fanfictionစွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန်တောင်ဖျားတွင်သာ ရဲရဲနီပွင့်လန်း၏။ သခင့်ကောင်းကင်အောက် စွန့်စားရဲစေသား။ သခင့်လက်ဖျားအထက် တည်တံ့စေသား...