(Unicode)
ကြင်နာခြင်းဂျွန်
ဂျီမင်၏ခြေထောက်အခြေအနေက အတော်ပင်
ဆိုးရွားသွားခဲ့သည်။ သွင်သွင်ကျိုးသွားခြင်းဖြစ်သော
ကြောင့် ဂျီဆောင်သို့သွားရောက်ကုသမှသာ၊
ပြန်လျှောက်နိုင်ဖို့ အလားအလာရှိသည်ဟု
ဆေးအဖွဲ့မှပြောသည်။ ထိုသတင်းက
ထယ်ယောင်းအတွက်တော့ ကမ္ဘာပျက်သလိုပါပေ။
စားလို့စားမှန်းပင်မသိ၊ သွားလို့သွားမှန်းပင်မသိ။
စိတ်နှင့်လူနှင့်မကပ်။ ငိုလို့လည်းမရဘဲ စို့နင့်နင့်
ကြီးဖြင့်သာ၊ ရင်ထဲ၌ကျပ်ခဲနေခဲ့သည်။ဟိုဆော့က ဂျီမင်ကို မြို့သို့သွားကုသရန်
ချက်ချင်းပင် ဆိုင်းပြင်းနေခဲ့သည်။ ဂျုံးဂုကလည်း
ခွင့်ပြုလိုက်သည်မို့၊ လတ်တလော တာဝန်များကို
ယုံကြည်စိတ်ချရသူများအားလွှဲပေးဖို့၊ အလုပ်ရှုပ်
နေခဲ့သည်။ ဤနေရာတွင် ဟိုဆော့က အဖွဲ့မှူး
ပီသစွာပင်၊ စခန်း၌ နေရာတကျရွေးထားရန်
သင့်တော်သူများကို၊ ဂျုံးဂုနှင့်လာတိုင်ပင်ပေးခဲ့သည်။
ဂျီမင်ကတော့ ငိုရင်းပြန်အိပ်ပျော်သွားသည်ဟု
ပြောသည်။သတင်းကြားကြားချင်းပင်၊ ထယ်ယောင်းနှင့်
ဂျုံးဂုတို့ အပြေးသွားခဲ့ကြသည်။ ဟိုဆော့၏
အိပ်ရာပေါ်တွင် ဂျီမင်က ငြိမ်ငြိမ်လေး အိပ်ပျော်
နေခဲ့သည်။ ဘယ်လောက်တောင် ထိတ်လန့်
သွားသည်မသိ၊ မျက်ရည်စီးကြောင်းများသည်
တစ်မျက်နှာလုံးပေပွနေခဲ့သည်။ ထိုပုံစံကို
ထယ်ယောင်း ဘယ်လိုမှမကြည့်ရက်နိုင်ခဲ့ပေ။ငါ့ကြောင့်ဖြစ်ရတာပါ။
ဘယ်လိုလုပ်ရပါ့မလဲဂျီမင်ရယ်။ထိုတောင်းပန်စကားများသည်သာ လည်ချောင်းဝတွင်
ဝဲလည်ပိတ်ဆို့နေခဲ့သည်။သွေးရိုးသားရိုးဖြစ်ခြင်းမဟုတ်ကြောင်း၊
ဟိုဆော့နှင့်ဂျုံးဂု၏စကားအသွားအလာမှတစ်ဆင့်
ထယ်ယောင်းကြားသိနေရသည်။ခြိမ်းခြောက်စာထဲတွင် ဂျီမင်ကိုထည့်သွင်း
ထားခဲ့သော်လည်း၊ ဤအကြောင်းအား
ဘယ်သူ့ကိုမှမပြောဘဲ၊ မိမိသာရေငုံနှုတ်ပိတ်
နေလိုက်ပါက၊ သူ့ဘာသာပြီးစီးသွားလိမ့်မည်ဟု
ထယ်ယောင်း ခပ်ရိုးရိုးသာထင်ခဲ့ဖူးသည်။
သေချာပြန်စဉ်းစားကြည့်တော့၊ မိမိကို ဖမ်းဆီး
သွားစဉ်တုန်းကလည်း ကင်မ်မျိုးနွယ်စုကို
ပြန်လာစေချင်၍မဟုတ်ဘဲ၊ မြေပုံကိုလိုချင်
သောကြောင့်သာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ESTÁS LEYENDO
Beautiful Pain [Completed]
Fanficစွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန်တောင်ဖျားတွင်သာ ရဲရဲနီပွင့်လန်း၏။ သခင့်ကောင်းကင်အောက် စွန့်စားရဲစေသား။ သခင့်လက်ဖျားအထက် တည်တံ့စေသား...