(Unicode)
လိုအပ်ခြင်းဂျွန်
ကြွေကျနေတဲ့သစ်ရွက်များပေါ်တွင် မိုးရေစက်သံတို့သာမက တရှပ်ရှပ်ပြေးသံများ
ကိုပါ သေသေချာချာနားထောင်ကြည့်ပါက
ကြားရမည်ဖြစ်သည်။
တစ်စတစ်စပိုပိုကျယ်လောင်လာတဲ့ အသံတွေက
ဝရုန်းသုန်းကားနိုင်လှသည်။
အရှေ့စူးစူးမှ ခြေသံကြမ်းကြမ်းက မြေပြင်
တစ်လျှောက်တုန်ဟီးနေပြီးနောက် တဖြည်း
ဖြည်းအရှိန်လျော့လာပုံပင်။
အချိန်အနည်းငယ်ကြာပြီးနောက်မှာ ထို
ထိတ်လန့်စရာ ပြေးလွှားနေတဲ့အသံက
တစ်စတစ်စပျောက်ကွယ်လာပြီ။လုံးဝမကြားရတော့တဲ့အချိန်မှာ သစ်ပင်အကွယ်မှ ကြံ့ခိုင်မြင့်မားလွန်းသော
ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသည့် အသက်ခပ်လတ်
လတ်အရွယ် ယောကျာ်းတစ်ယောက် ပုံရိပ်က
ထင်ရှားစွာ ထွက်ပေါ်လာတယ်။သတိကြီးစွာ ချိန်ထားလာခဲ့သည့် မြားဆီမှ
မြားတံကို ကျွမ်းကျင်လှသော လက်ချောင်း
သွယ်များဖြင့် ပြန်လည်ဖြုတ်ယူလိုက်ပြီး
ကျောနောက်ဘက်တွင် တစ်ပါတည်းချိတ်ဆွဲ
လာခဲ့သည့် နီညိုရောင်မြားဘူးအတွင်းသို့
ပြန်လည်ထည့်လိုက်သည်။သေသွားပြီဖြစ်သော်လည်း အကြောများဆွဲနေသည့်
ပြောင်တိရစ္ဆာန်၏ခန္ဓာကိုယ်ကြီးက တတွန့်တွန့်
ဖြစ်နေသေးသည်။ (ထိုသတ္တဝါမှာ ကျွဲ
နှင့် ခပ်ဆင်ဆင်တူသည်။ ကျွဲထက်အကောင်
ကြီးပြီး အညိုရင့်ရောင်မျိုးအရေခွံက
ပိုပြီးပြောင်ချောသည်။ လည်ဂုတ်ပေါ်တွင်
ကြမ်းသောအမွေးများပါရှိ၍ ခြင်္သေ့တစ်
ကောင်တည်း အမဲလိုက်ရန်တောင်
ခက်ခဲလှပြီး ဦးချိုနှင့်ပြန်လည်တိုက်ခိုက်
လေ့ရှိသည့် အာဂတိရစ္ဆာန်မျိုးပင်။)အချိန်အနည်းငယ်စောင့်ကြည့်လိုက်တော့
ပြောင်တိရစ္ဆာန်လုံးဝငြိမ်သက်သွားလေပြီ။
ပြောင်၏လက်ပြင်မှ တန်းလန်းစိုက်နေသည့်
မြားကို သူဆတ်ခနဲဆွဲထုတ်လိုက်တယ်။
သံဖြင့်ပြုလုပ်ထားသော မြားဦးဘက်မှ
အစိမ်းပုတ်ရောင်အရည်တစ်စက်က
သစ်ရွက်ပေါ်သို့ကျဆင်းသွားစဉ် ချက်ချင်း
ဆိုသလိုပင် ထိုသစ်ရွက်သည် မီးပေါက်ရာကြီး
ကဲ့သို့ အကွင်းလိုက်ဖြစ်ပေါ်လာတော့သည်။
အဆိပ်ရည်လူးသောမြားကိုသာ မသုံးခဲ့
ပါက ထိုပြောင်၏ ကမူးရူးထိုးဦးတည်ချက်က
သူဖြစ်သွားနိုင်သည်။ အဆိပ်ရည်ကြောင့်
အမြင်ထွေပြားပြီး တွေ့မြင်သမျှ ဝှေ့လိုက်၊
ပြေးလိုက်လုပ်ရင်း ဇီဝိန်ကုန်သွားသည့်
ပြောင်ကို ကြည့်နေစဉ် သူ့အနောက်ဘက်ဆီ
မှ မျိုးနွယ်စုတပ်သားနှစ်ယောက် အချိန်ကိုက်
ရောက်လာခဲ့သည်။
YOU ARE READING
Beautiful Pain [Completed]
Fanfictionစွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန်တောင်ဖျားတွင်သာ ရဲရဲနီပွင့်လန်း၏။ သခင့်ကောင်းကင်အောက် စွန့်စားရဲစေသား။ သခင့်လက်ဖျားအထက် တည်တံ့စေသား...