(Unicode)
ပေးဆပ်ခြင်းဂျွန်
ယမန်နေ့ညက မိုးသည်းသည်းထန်ထန်
ရွာခဲ့သော်လည်း ယနေ့တွင်မူ အုံ့မှိုင်းညိုဆိုင်း
လျက်သာရှိပြီး မိုးပင်မဖွဲချေ။ ဆောင်းအဝင်
နှုတ်ဆက်မိုးပေမို့ အေးခဲလွန်းလှပြီး တဖြည်း
ဖြည်းနှင့် ရွာနှုန်းကျဲလာခဲ့ပြီ။နှင်းထုအများစုက မိုးရေကြောင့် မာကျောသော
ရေခဲသဏ္ဍာန်ပြောင်းလဲလာကြသည်။
ဆောင်းအကူးကာလသည် မျိုးနွယ်စုများအတွက်
အန္တရာယ်ကြီးလှသည့်အခါပင်။ဆောင်းလုံးလုံးဝင်သည့်အခါ အအေးဒဏ်နှင့်
နှင်းထုပြိုကျခြင်းအန္တရာယ်သာ သတိထားရမည့်
အရေးကြီးအချက်ဖြစ်ပြီး ထိုနှစ်ခုမှာလည်း
ကြိုတင်ကာကွယ်နိုင်သည်။
အအေးဒဏ်အတွက် နွေးထွေးစွာနေလျှင်ရပြီး
နှင်းထုပြိုကျနိုင်သည့်တောင်အနိမ့်ပိုင်း၊
သို့မဟုတ် မြေမညီညာသောချိုင့်ဝှမ်းများကို
ရှောင်လွှဲဖို့ အားလုံးသိပြီးသားဖြစ်သည်။ဆောင်းအကူးကာလမှာတော့ ချွန်ထက်သော
ဓားစွယ်ကဲ့သို့ တွဲလောင်းကျလျက်ရှိသည့်
ကျောက်စွယ်ကျောက်သားရေခဲများရန်မှာ
သတိထားနိုင်ပါမှ တော်ကာကျမည်။
အိမ်အမိုးထက်၌လည်း တွဲလွဲကျနေနိုင်
သောကြောင့် အတွင်းအပြင် မျက်စိလျင်ဖို့
အရေးကြီးသည်။လွန်ခဲ့သော ရက်များအတွင်းဝယ် မျိုးနွယ်စု
တစ်ခုလုံးကို သတိထားနေကြရန်ပြောပြီး
သော်ငြား အန္တရာယ်အဆင့်က ယနေ့မွန်းလွဲ
ချိန်သာသာ၌ မည်မည်ရရစတင်လာခဲ့သည်။အိမ်အမိုးများသာမက သစ်ပင်သစ်ခက်များ
တွင် တွဲလွဲကျလျက်ရှိသောရေခဲချွန်များကို
ဂျုံးဂုနှင့်တပ်သားအများစုတို့ ရှင်းလင်းခဲ့ကြပြီး
ဖြစ်သည်။ လူအသွားအလာရှိသောနေရာ
အားလုံး၌ အတော်အတန်တော့ အန္တရာယ်
ကင်းသည်ဆိုနိုင်ခဲ့ပြီ။ကနုတ်ရေးရေးဖော်ထားသည့် အဝန်းကြီးကြီး
ဦးထုပ်ကိုကြိုးစနှင့်မေးဖျားအောက်သို့ချည်၍
သူတို့အားလုံး ဆောင်းထားခဲ့ကြသည်။
ရေခဲချွန်များအန္တရာယ်အတွက် အလွယ်တကူ
ရှောင်တိမ်းဖို့ဖြစ်သည်။
![](https://img.wattpad.com/cover/82269445-288-k106411.jpg)
ESTÁS LEYENDO
Beautiful Pain [Completed]
Fanficစွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန်တောင်ဖျားတွင်သာ ရဲရဲနီပွင့်လန်း၏။ သခင့်ကောင်းကင်အောက် စွန့်စားရဲစေသား။ သခင့်လက်ဖျားအထက် တည်တံ့စေသား...