ဆုံးဖြတ်ခြင်း JEON

7.7K 838 108
                                    

(Unicode)

ဆုံးဖြတ်ခြင်းဂျွန်

အာတလီသည် နေမြင့်ချိန်ကျမှ အနောက်လျှိုသို့
ရောက်ချလာခဲ့သည်။ အိပ်ချင်မူးတူးမျက်လုံး
တွေကို ပွတ်သပ်ကာ၊ လင့်စင်ပေါ်သို့ တွယ်တက်
လာသည့်အခါ ဦးလေးလူကလှမ်းအော်တော့သည်။

" မိုးချုပ်မှလာပါလားကွာ။ အခုလာတာ
စောလွန်းမနေဘူးလား "

အာတလီက သွားဖြဲပြရင်း၊ ဦးလေးလူပုခုံးကိုပုတ်ကာ
ထယ်ယောင်းတို့နားတွင် ခြေပစ်လက်ပစ်ထိုင်ချ
လိုက်လေသည်။ ဦးလေးလူက အာတလီ၏လက်ကို
ချက်ချင်းဖယ်ထုတ်လိုက်လေသည်။

အာတလီကတော့ အပြုံးမပျက်ပေ။ ဦးလေးလူ
လက်ထဲမှရေနွေးခွက်ကိုတောင် ဆတ်ခနဲဆွဲယူပြီး
သောက်ချလိုက်သေး။ အေးတိအေးစက်နှင့်
ထီမထင်သော အပြုအမူများက
အဘယ့်ကြောင့်များ ထယ်ယောင်းကို
ပြုံးစေပါသနည်း။ အများကြီးတော့ စဉ်းစားရန်
မလိုပါ။ စစ်မှန်တဲ့စိတ်ရင်းတွေက စကားပြောသည်
မဟုတ်လား။ နှိုင်းယှဉ်ကြည့်ရပါမူ၊ ဦးလေးဂျွန်
ဆိုသောလူကြီးက အမြဲပြုံးနေလေ့ရှိသော်လည်း
သူ့ဆီမှ နွေးထွေးမှု့ကိုမခံစားရ။ စိတ်ကျဉ်းကျပ်
မှု့များကိုသာခံစားရသည်။ ဦးလေးလူနှင့်လုံးဝ
ဆန့်ကျင်ဘက်ပင်ဖြစ်သည်။

" လီ နောက်နေ့စောစောလာနော်။ မင်း
တာဝန်ချိန်က နေ့ခင်းပိုင်းမှဆိုပေမယ့်
ငါ့ကိုမနက်ပိုင်းတော့သေနတ်ပစ်သင်ပေးဦး "

" ဦးလေးလူပြောတော့ လက်ဖြောင့်သေနတ်
သမားဘဝက သာယာတယ်ဆို။ သေနတ်ကလေး
ကိုင်တတ်ရုံနဲ့ လင့်စင်ပေါ်တက်ထိုင်ပြီး ဟိုချိန်ဒီချိန်
ဘာကောင်တွေ့တွေ့ပစ်ရုံပဲဆို "

အာတလီက မျက်နှာကြီးကိုရှုံမဲ့ကာပြောနေခြင်း
ဖြစ်သည်။ ထို့နောက် ရေနွေးများကို တဂွပ်ဂွပ်
မော့ချရင်း ဒေါနဲ့မောနဲ့ဆက်ဆိုလေ၏။

" အခုတော့ဗျာ၊ ရွာမှာ သားနဲ့မယားနဲ့
သာယာနေရမယ့်ဘဝလေးကို ဦးလေးလူက
အညွန့်ချိုးရုံတင်မဟုတ်ဘူး။ အမြစ်ပါဆွဲလှန်ပြီး
နှုတ်နှုတ်စင်းသွားတာ။ ငါကိုကလည်း မှားတာပါ။
လက်ဆော့ပြီးသေနတ်ကိုင်မိတော့ ခံပေါ့၊
ခံဦးပေါ့အာတလီရယ် "

Beautiful Pain [Completed]Tempat cerita menjadi hidup. Temukan sekarang