(Unicode)
တိုက်ခိုက်ခြင်းဂျွန်
သူ ဘယ်လောက်တောင်အိပ်ပျော်သွားသည်မသိ။
လောင်စာကုန်လုလုအမှောင်ကြောင့် ရုတ်တရက်
နိုးကြားသွားတော့ အချိန်အတော်လင့်နေပြီမှန်း
သိလိုက်ရတယ်။ အဝတ်မကပ်တဲ့ ကိုယ်ကြောင့်
ချမ်းစိမ့်စိမ့်ခံစားမှု့နှင့်အတူ ကောင်လေးမျက်နှာက
အာရုံထဲတိုးဝင်လာခဲ့သည်။ ငိုမဲ့မဲ့ပုံစံလေးနဲ့
အသနားခံသော်လည်း သူ့လုပ်ရပ်တွေထိန်းချုပ်မရခဲ့။သမင်ဦးချိုပေါ်တွင်ချိတ်ဆွဲထားတဲ့ ခပ်ထူထူ
လောင်းကုတ်ရှည်ကို လျင်မြန်စွာ သူယူဝတ်
လိုက်တယ်။ ဟိုဆော့ ပြန်ရောက်လောက်ပြီ
ဟူသောအသိနဲ့ အခန်းထဲမှထွက်ခဲ့စဉ်
တိမ်းမူးဖွယ်အဖြစ်အပျက်တို့သည် မိုးနဲ့အတူ
စီးမျောသွားပြီဖြစ်သည်။အရှေ့စူးစူးဆီသို့ သူခြေလှမ်းမှန်မှန်ဖြင့်
လျှောက်လာရင်း မြင့်မားလှတဲ့တောင်ကျရေတံခွန်
တစ်ဝိုက်ကို ဝေ့ဝဲကြည့်လိုက်တယ်။သူထင်တဲ့အတိုင်းပင် ဟိုဆော့တစ်ယောက်
မချမ်းနိုင်မစီးနိုင်ဘဲ မှိန်းတစ်ချောင်းနဲ့ ငါးဖမ်း
နေပြီ။ ဂျီမင်က အခုတလော ငါးချဉ်ခြင်းတက်
နေတာလို့ ဟိုဆော့ပြောတော့ သူတကယ့်ကို
ရယ်မောခဲ့မိတယ်။ အလုပ်ဘယ်လောက်ရှုပ်ရှုပ်
ဟိုဆော့က ဂျီမင်ကိုသိပ်အရေးထားသည်။
ကိုယ့်အားကိုယ်ကိုးပြီး အရာရာတတ်သိ
နေလျှင် အကောင်းဆုံးဟု ခံယူထားသော
သူနဲ့ ဟိုဆော့၏ဂျီမင်အပေါ်သဘောထားက
များစွာကွာခြားလှသည်ပင်။အရေးပေါ်လမ်းကြောင်း ရှင်းပြီးပြီးချင်း
စခန်းသို့ပြန်မရောက်ခင် လမ်းခုလတ်ရှိ
ရေတံခွန်ဘေးတွင် ဟိုဆော့ချန်နေခဲ့ခြင်းမှာ
ငါးဖမ်းဖို့အတွက်ပင်။ အသားခြောက်များ
သိုလှောင်ထားပေမယ့် တကျည်ကျည်ပူစာနေသော
ဂျီမင်စကားကို ပစ်ပယ်ရက်ဟန်မတူ။ငါးဖမ်းနေရင်းပင် ဟိုဆော့ကသူ့ကိုမြင်တော့
အနည်းငယ်စိုသယောင်ဖြစ်နေသောအပေါ်ဝတ်ကို
လက်နဲ့သပ်ချပြီး ဘေးနားတွင်ချထားသော
ဝါးဆစ်ကို လှမ်းကောက်ယူရင်းပြုံးပြ၏။
STAI LEGGENDO
Beautiful Pain [Completed]
Fanfictionစွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန်တောင်ဖျားတွင်သာ ရဲရဲနီပွင့်လန်း၏။ သခင့်ကောင်းကင်အောက် စွန့်စားရဲစေသား။ သခင့်လက်ဖျားအထက် တည်တံ့စေသား...