(Unicode)
စိုးရိမ်ခြင်းဂျွန်
စခန်းဘေးရှိသစ်ပင်များပေါ်မှ သစ်တောက်
ငှက်များ၏အစာရှာသံက ညံလျက်ရှိသည်။
သစ်ပင်နှင့်နှုတ်သီးထိစပ်တဲ့အခါ ထွက်လာ
သည့် တတောက်တောက်အသံတို့အပြင်
မိုးရေဖွဲဖွဲသံများ ကျယ်လောင်လာသည့်အလျောက်
ထယ်ယောင်းမျက်ခွံစိမ်းစိမ်းတို့ပွင့်လာခဲ့သည်။လူခြေအနည်းငယ်မြင်ရတာနဲ့ အမြင့်သို့ပျံကာ
အစာရှာကြသောငှက်များသည် လူခြေ
တိတ်ချိန်တွင်အပြင်တလွှား တဖွားဖွားဖြင့် ကူးလူးနေကြခြင်းမှာ အချိန်အားဖြင့်ဝေလီဝေလင်းမနက်ခင်း
ဖြစ်သောကြောင့်ပင်။အရုဏ်ဦးသည် သူလွှမ်းခြုံသောရင်ငွေ့အားဖြင့်
အေးချမ်းစွာနိုးထစေသည်။ မိုးနံ့ပြေးသော
ရပ်ဝန်းအလယ် မှတ်သားမိသော သူ့ကိုယ်ရနံ့။
ခေါင်းရင်းဘက်ဦးဦးတွင် ခါးပတ်ပတ်နေသောသူ။
သေနတ်ဒင်စပ်ကိုကိုင်ကာ ခါးနားရှိသားရေအိတ်ထဲသို့
ထည့်လိုက်ပြီးနောက် တံခေါက်ခွက်အထိဖုံးသော
အင်္ကျီရှည်အားဆင်မြန်းနေ၏။" ကိုယ့်ကြောင့် နိုးသွားတာလား "
ပီသသြရှသော စကားသည် ထယ်ယောင်းအား
လှည့်မကြည့်ဘဲပြောစဉ် အံ့သြခြင်း
ရိပ်ရိပ် ထယ်ယောင်းမျက်နှာတွင်ဖြစ်ပေါ်၏။သူသိနေပါ၏လော။
တစ်ချက်မလှုပ်သောကိုယ်။ ကိုယ်ကိုယ်တိုင်
နားထောင်ဖို့တောင် ခက်ခဲသောအသက်ရှုသံ။
တိတ်ဆိတ်သော သမယသည် သူ့နားစည်အား
အရှုံးပေးရော့ထင်။လွန့်လူးကာ ထလိုက်ပြီး.....၊
" မ...မဟုတ်ပါဘူး။ ခုနကတည်းကနိုးနေတာပါ "
တချို့တစ်ဝက်ပြုတ်နေသော ကြယ်သီးများကို
ထယ်ယောင်းငုံ့တပ်နေရင်း အဖြေပေးတဲ့အခါ
ကျွန်းတံခါးကိုဆွဲဖွင့်ပြီး အပြင်သို့
လှမ်းလိုက်သော ဂျုံးဂု၏ခြေတံရှည်တစ်စုံ။
မရှေးမနှောင်းမှာပင် ဂျုံးဂုရှိရာသို့ လျှောက်လှမ်းလာသော ထယ်ယောင်း။ထိုကျောပြင်အား ကျစ်ကျစ်ပါအောင်
ဖက်ထားချင်ပါသော်လည်း
ဖွဖွဆုပ်ထားသည့် လက်ချောင်းများသည်
ဖြေလျှော့ဖို့ ခက်ခဲလွန်းနေသလို။
အဝေးတစ်နေရာ ထွက်ခွာမည့်သူကို
မသွားပါနဲ့ဟု ဖမ်းဆွဲမထားလို။
ရွေးချယ်မိသော အခြေအနေသည်
လွမ်းစရာအကြောင်း အစဆွဲမကုန်နိုင်မှန်း
သိပြီးသားမို့...။
ESTÁS LEYENDO
Beautiful Pain [Completed]
Fanficစွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန်တောင်ဖျားတွင်သာ ရဲရဲနီပွင့်လန်း၏။ သခင့်ကောင်းကင်အောက် စွန့်စားရဲစေသား။ သခင့်လက်ဖျားအထက် တည်တံ့စေသား...