မျှော်လင့်ခြင်း JEON

7.9K 866 63
                                    

(Unicode)

မျှော်လင့်ခြင်းဂျွန်

လျှိုစခန်းဘက်ရှိရာသို့ ခပ်သုတ်သုတ် ပြေးလာ
နေသောမိန်းမပျိုတစ်စု။ ခါးများကိုအနည်းငယ်
ကိုင်းကာ၊ ဂဏှာမငြိမ်သောအကြည့်များဖြင့်
ညအမှောင်အလယ် သက်ဝင်လှုပ်ရှားနေလျက်
ရှိသည်။

အပေါ်ရုံကိုချွတ်ထားပြီး ရင်ခံသာသာအင်္ကျီမျိုး
ဝတ်ဆင်ထားကြသော်လည်း ထိုမိန်းမပျိုများ၏
မျက်နှာသည် အေးချမ်းခြင်းအလျင်းမရှိသည်ပုံဖြင့်
မပြေးရုံတမယ်သွားနေကြလေသည်။

ထိုစဉ်

" ဟေ့ ဒီမှာ "

ရေညှိများအထပ်ထပ်ကပ်နေသော ကျောက်ဆောင်ဘက်
ဆီမှ ခပ်အုပ်အုပ်လှမ်းခေါ်လိုက်သံကို ကြားလိုက်
ရသောအခါ မိန်းမပျိုတို့၏ခြေလှမ်းများသည်
တုံ့ခနဲနေအောင်ပင် ရပ်တန့်သွားကြသည်။

ဂျွန်မျိုးနွယ်စု၏တပ်ခွဲမှူးကန်နူးလ်သည်
ဘယ်အချိန်ကတည်းက စောင့်နေသလဲပင်
မိန်းမပျိုများ မခန့်မှန်းတတ်တော့ပေ။
တစ်မျက်နှာလုံးသည် နီရဲကြမ်းတမ်းနေခဲ့သည်။

" တပ် တပ်ခွဲမှူး ...နောက်ကျသွားလို့
တောင်းပန်ပါတယ် "

ကန်နူးလ်က မလိုပါဘူးဟူသော သဘောဖြင့်
ခပ်အေးအေးပြုံးကာ ခေါင်းခါပြလိုက်သည်။

" ဘယ်မှာလဲ အဲ့ဒီ့ဆွဲကြိုး "

ကန်နူးလ်သည် အလိုရှိရာကိုသာ လက်ဖြန့်၍
တောင်းလိုက်သည်။ မိန်းမပျိုတစ်ယောက်သည်
ဝတ်ရုံဖြင့် သေချာပတ်လာခဲ့သော ဆွဲကြိုးကို
ဂရုတစိုက်ယူလိုက်ကာ၊ ကန်နူးလ်၏လက်ဖဝါးထဲသို့
တရိုတသေထည့်လိုက်သည်။ 

" သိပ်ချစ်ဖို့ကောင်းတဲ့မိန်းမလှလေးတွေ...
နောက်လိုရင်လည်း ကူညီပေးဦးနော် "

ကန်နူးလ်သည် ဆွဲကြိုးကိုမိုးပေါ်သို့၊
ပစ်တင်ကာ ပြန်ဖမ်းလိုက်ရင်းဆိုလေ၏။
မိန်းမပျိုများသည် ကြောက်လန့်နေသည့်ကြားမှပင်
ခေါင်းငြိမ့်ပြရှာသည်။

" တပ် တပ်ခွဲမှူး ... ဒီကိစ္စကို ခေါင်းဆောင်သိရင်
ကျွန် ကျွန် မတို့ ဘာဖြစ်သွားမှာလဲဟင် "

Beautiful Pain [Completed]حيث تعيش القصص. اكتشف الآن