စွန့်စားခြင်း JEON

9.9K 1K 108
                                    

(Unicode)

စွန့်စားခြင်းဂျွန်

နေ့အလင်းရောင်ပါးပါးက ပျောက်ကွယ်တော့မည်
ဖြစ်သည်။ ဟိုမှ၊ ဒီမှ တောတိုးလာသံသဲ့သဲ့များကို
ကြားနေရသော်လည်း မီးအရှိန်ကြောင့်သာမက၊ခြံစည်းရိုးတိုင်များကိုလည်း ပတ်လည်ထောင်
ထားသောကြောင့်ပါ ကင်မ်မျိုးနွယ်စု အခြေစိုက်ရာ
ဤအနီးအနားတစ်ဝိုက်ကိုတော့ တောကောင်များ
ခြေမဆန့်ရဲကြပါလေ။

ထယ်ယောင်းအား သစ်ပင်တွင်ကြိုးဖြင့်တင်းတင်း
ချည်လိုက်ကြသည်။ သူ့ မျက်ခွံတွေ
လေးလံလာသည်ဟု ထယ်ယောင်းခံစားနေရသည်။
ဒဏ်ရာကလည်း ရင်းကာ မီးစနှင့်အထိုးခံထားရ
သလို ပူကျစ်ကာနာလာသည်။ လည်ပင်းကို
အားတင်းကာ မတ်ကြည့်တော့ သူ့ရှေ့တွင်
မျက်နှာဖြူတစ်ယောက်။

တခဏမျှအကြာတွင် ထယ်ယောင်းသည်
တစ်ခုခုကို အသည်းအသန်အဖြေရှာတွေ့
သွားဟန်ဖြင့်ပုခုံးကို ဟိုဒီရမ်းကာ ကြိုးတို့ကို
ဖြည်ပေးဖို့ မျက်လုံးနဲ့အသနားခံလာသည်။

" တွေ့ဖူးတယ်နော် ကောင်လေး
ကိုယ့်နာမည် ရစ်ချက်ပါ "

ထိုမျက်နှာဖြူ... ဗြိတိန်လို ပြောသောစကားကို
ဘာသာပြန်ပေးသော လူတစ်ယောက်ရှိသည်မို့
ထယ်ယောင်း နားလည်၍ခေါင်းငြိမ့်ပြမိသည်။

အနောက်တိုင်းသားများကို မျက်နှာပေါက်
သူ မခွဲတတ်သော်လည်း လာကူညီကာ
ထူရှာသော ထိုလူကိုတော့ သူမှတ်မိနေခဲ့ပါသည်။
ကံတရားအလှည့်အပြောင်းလေးများလားဟု
ထယ်ယောင်း မျှော်လင့်မိပြန်တော့၊ သူ့
မျက်လုံးတွေ လဲ့ဖြာကာသွားသည်။

" ကျွန်တော့်ကို ကူညီပါ "

ကင်မ်မျိုးနွယ်စုမှ ထရယ်ကြသည်။
ရစ်ချက်ကတော့ လက်ပိုက်ကာပြုံးနေခဲ့သည်။

ကင်မ်မျိုးနွယ်စုထဲမှ တစ်ယောက်နှစ်ယောက်
လောက်ကိုသာ ထယ်ယောင်းသိသည်။
သူငယ်စဉ်အခါက ဂျီယာတွင် နယ်မြေ
ကျက်စားပြောင်းရွှေ့သော မျိုးနွယ်စုအဖွဲ့
တစ်ခုမဟုတ်၊ တစ်ခုနှင့်ကြုံဖူးပါသည်။
ထို့ကြောင့် မျက်နှာပေါက်ထူးခြားသော
လူအချို့ကိုတော့ သူ မှတ်ဥာဏ်တို့ကမမေ့ခဲ့။
ကျန်လူများကိုတော့ သူ မသိပါလေ။

Beautiful Pain [Completed]Opowieści tętniące życiem. Odkryj je teraz