ထွက်ခွာခြင်း JEON

8.2K 875 84
                                    

(Unicode)

ထွက်ခွာခြင်းဂျွန်

ဂေါယန်းမျိုးနွယ်စုပြန်ပေါ်လာပြီဟူသော
ကောလဟာလမှာ အမှန်ပင်ဖြစ်သည်။
ဟိုဆော့သည် သူနှင့်အတူပါသွားခဲ့သော
တပ်သားများကို ထိုသတင်းရရချင်းပင်၊
ပြန်လွှတ်ခဲ့ခြင်းကြောင့် ဤမျှလောက်အထိ
အမြန်သိရခြင်းဖြစ်သည်။ ဂျွန်မျိုးနွယ်စု တစ်စုလုံး
လိုလိုပင် ဂေါယန်းတို့နှင့်ပူးပေါင်းရန်အတွက်
ဆန္ဒများပြင်းပြတက်ကြွနေလျက်ရှိသည်။

ဂျုံးဂုသည်လည်း ဂျီဆောင်သို့သွားရောက်ရန်
စိတ်စောနေခဲ့သည်။ ဟိုဆော့ ပြန်မလာသေး၍၊
မိမိအနေနှင့်ထပ်လိုက်သွားပါက စခန်း၏
လုံခြုံရေးမှာ စိုးရိမ်စရာဖြစ်လာလိမ့်မည်။
သို့သော် မသွားပြန်လျှင်လည်း အရေးကြီးသည့်
ကိစ္စများကြန့်ကြာသွားပေမည်။ အချိန်ကသိပ်ကို
အကျပ်အတည်းဖြစ်နေခဲ့သည်။ လူယုံဘက်တော်
သားအချို့ရှိသော်လည်း တိုက်ရေးခိုက်ရေးတွင်
အဆင်ပြေနိုင်ပေမယ့် တာဝန်ခွဲဝေပေးမှု့တို့ကိုတော့
နိုင်နင်းအောင်လုပ်နိုင်မည် မဟုတ်ချေ။

အရေးအကြီးဆုံးကတော့ အနောက်လျှိုဖောက်လမ်း၌
ကြီးကြပ်ရန်လူလိုအပ်နေခြင်းပင်။ ထိုဖောက်လမ်းသည် ဂျုံးဂု၏ဖခင်လက်ထက် မတိုင်ခင်ကတည်းက
လျှို့ဝှက်စွာဖောက်လုပ်ထားသောလမ်းဖြစ်သည်။
မြန်လည်းမမြန်၊ နှေးလည်းမနှေးဘဲ ပုံမှန်အားဖြင့်
ဖောက်လုပ်ထားခဲ့သော၊ ဖောက်လုပ်နေဆဲသော
လမ်းလည်းဖြစ်သည်။ ဂလိုင်သဖွယ်ဖြစ်နေသော
လမ်းသည်တော်ရုံလူမြင်တွေ့နိုင်ဖို့ မလွယ်သလို၊
သားရဲပေါသောကြောင့် မုဆိုးများမှလွဲ၍လည်း
မလာကြပေ။

တောလိုက်မုဆိုးအများစုသည် မည်သည့်
မျိုးနွယ်စုနာမည်ကိုမှ မခံယူထားကြသူ
များပင်ဖြစ်သည်။ ထိုသို့သော သူများကိုတော့
ဂျီယာရှိဘယ်မျိုးနွယ်စုကမှ၊ မိမိတို့ဘက်ကို
ထိပါးမလာမချင်း ရန်မပြုကြပေ။
မုဆိုးအများစုသည် အစွန့်ပစ်ခံသွေးနှောများလည်း
ဖြစ်ကြသည်။ မျိုးနွယ်စုရွာများကို တစ်ခါတစ်ရံ
ရောက်လာတတ်ပြီး၊ သူတို့လိုအပ်သည့်ပစ္စည်းများကို
တောကောင်များနှင့် အလဲအလှယ်လာလုပ်လေ့
ရှိကြသည်။ တစ်ဦးတည်းနေထိုင်ကြလေ့ရှိသော
လူနည်းစုလည်းဖြစ်သည်။ ထို့ကြောင့် မှတ်မိလွယ်
သော်လည်း မြင်တွေ့ရသည်က ရှားပါးလွန်းသည်။
အနောက်လျှိုဖောက်လမ်းဘက်ကို ရောက်လာ
လျှင်တော့ တာဝန်ကျတပ်သားမဟုတ်လျှင်၊
မည်သူ့ကိုမှ အရှင်မထားကြပေ။ အကုန်ပစ်သတ်သည်
ချည်းသာဖြစ်၏။

Beautiful Pain [Completed]Where stories live. Discover now