(Unicode)
နားလည်ခြင်းဂျွန်
အဘွားအိုကထယ်ယောင်း၏ လက်ကောက်ဝတ်ကို
စမ်းသပ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
အဘွားအို အနီးအနားတွင် ထယ်ယောင်းကို
စူးစိုက်ကြည့်နေသည့်ဂျုံးဂုရှိသည်။တည်ငြိမ်ဟန်ရသော်လည်း အနည်းငယ်
နီရဲနေသောအကြည့်တို့မှာ ပူပန်နေသလို။
ပါးရေနားရေတွန့်နေသည့်အဘွားအိုက
ဂျုံးဂုကိုအသက်ပါစွာပြုံး၍ကြည့်ရင်း..." အစာအဆိပ်သင့်တာပါ။ ထယ်ယောင်းလေး
ဘာတွေစားသေးလဲ "ဂျုံးဂုကစဉ်းစားဟန်ပြုပြီးနောက်၊
" ရိုးရာမုန့်ထင်တယ်... စားတယ် "
ထိုအချိန်၌ ဂျီမင်အခန့်သင့်စွာဝင်လာခဲ့သည်။
ဂျုံးဂုအခန်းသို့တံခါးမရှိ၊ ဓားမရှိ အချိန်မရွေး
ဝင်ရောက်ခွင့်ပြုထားသူမှာ ဂျီမင်နှင့်ဟိုဆော့
နှစ်ယောက်တည်းသာဖြစ်သည်။" ဂျီမင် မင်းရောစားခဲ့သေးလား "
" အင်း... စားခဲ့တယ်။ ထယ်ယောင်းကျမှ... ဘာလို့... "
ဂျီမင် စကားဆက်မပြောနိုင်တော့ဘဲ အားနာစွာ
တိုးတိမ်သွားခဲ့သည်။ ထယ်ယောင်း အစာအဆိပ်
သင့်တာသူ့ပယောဂလည်း မကင်းသောကြောင့်
ဂျုံးဂုအား မျက်နှာမပြဝံ့။နှစ်ယောက်အတူတူစားပါလျက်နှင့်
ဂျီမင်ကမည်သို့သော လက္ခဏာဝေဒနာ
မျှမရှိဘဲ၊ ထယ်ယောင်းမှာ အစာအဆိပ်သင့်
ရသည်။ ထယ်ယောင်းနှင့် မတည့်သော
အစားအစာဖြစ်၍သော်လည်းကောင်း၊
တစ်စုံတစ်ဦး၏ ယုတ်မာမှု့ကြောင့်သော်လည်းကောင်း
ဖြစ်နိုင်ချေနှစ်မျိုးရှိမည်ဟု ဂျုံးဂုသံသယရှိစွာ
တွေးသည်။ဖြူဖွေးဖွာလန်နေသော ဆံပင်များကို
လက်နဲ့သပ်ချကာ အဘွားအိုကထလိုက်ပြီး....." အန်ပြီးသွားပြီဆိုတော့ကောင်းလောက်ပါပြီ။
ခဏနေရင် ဆေးရည်ပို့ပေးလိုက်မယ် "" သေချာလား... ဘာမှမဖြစ်တော့ဘူးဆိုတာ "
အဘွားအို၏ပိန်လှီသော လက်ကောက်ဝတ်ကို
ဖမ်းဆွဲရင်း ဂျုံးဂုကပြတ်သားစွာမေးသည်။
YOU ARE READING
Beautiful Pain [Completed]
Fanfictionစွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန်တောင်ဖျားတွင်သာ ရဲရဲနီပွင့်လန်း၏။ သခင့်ကောင်းကင်အောက် စွန့်စားရဲစေသား။ သခင့်လက်ဖျားအထက် တည်တံ့စေသား...