မုန်းတီးခြင်း JEON

26.3K 1.9K 97
                                    

(Unicode)

မုန်းတီးခြင်းဂျွန်

အေးခဲနေတဲ့လေတို့ကို သေချာရှူရှိုက်ကြည့်ပါက
လွတ်လပ်ခြင်းကောင်းကင်ဘုံလို လှပတဲ့
ဒီနယ်မြေအား မီးလောင်တိုက်သွင်းခဲ့သည့်
နှလုံးသားဗလာ လူတချို့၏အငွေ့အသက်
တွေကို ခံစားရမည်ပင်။

လူသူအလှမ်းဝေးလှသည့် ဂျီယာတောင်တန်း
တစ်လျှောက်ရှိ ဇလပ်ပန်းနီနီ၊ ချယ်ရီပန်းနုနု၊
ထင်းရှူးတောများနှင့် အမျိုးအမည်ဖော်ပြရန်
တောင်ခက်ခဲလှသည့် အသစ်သစ်သော
ပန်းပင်ပျိုအိုအထိုထို၏ အလှသည်ကား
အညတရပင်ဆိုသော်ငြား တော်ဝင်ပန်းများထက်
ပွင့်အာလှပလွန်းသည်။

ထို့အပြင် ဂျီယာတောင်တန်းတစ်လျှောက်သည်
စိမ့်တောများအားဖြင့်လည်း အရောင်အသွေးစုံ
စိမ်းလန်းနေလျက်ရှိသည်။

အမျိုးအနွယ်ကိုချစ်လွန်း၍ပဲလား၊
ဤမြေနေရာမှထွက်ရှိသည့် အဖိုးထိုက်
ကျောက်စိမ်းများကို မက်မော၍ပဲလား၊
မည်သို့ပင်ဆိုစေ တစ်စုံတစ်ခုကို အလွန်အမင်း
စွဲလမ်းသက်ဝင်မှု့များက အစွန်းရောက်စိတ်တို့ကို
ဖြစ်စေသည်ပင်။

ကင်မ်နဲ့ဂျွန် မျိုးနွယ်စုနှစ်ခုကတော့ အဖိုးထိုက်
မြေတစ်နေရာအတွက် ညှာတာမှု့မရှိဘဲလည်း၊
လူသတ်နိုင်သည်။မေတ္တာကင်းသော ရင်ဘတ်
တစ်ခြမ်းနဲ့လည်း ချစ်ပြနိုင်သည်။
အမျိုးအနွယ်ကြီးများ၊ အာဏာရှိခေါင်းဆောင်
အနွယ်များဆိုသည်မှာ ရှေးရိုးရာကိုအလေးသာ
ကြသော်လည်း တိုက်ပွဲမလိုလားသော
တချို့တလေတော့ ရှိကြလေသည်။

နယ်မြေလုပွဲများအကြား ထွက်ပြေးလွတ်မြောက်
ရန်ကြိုးစားပါက သေနတ်စာမဟုတ်ရင်၊
သားရဲတစ်ကောင်ကောင်၏ အစာဖြစ်ဖို့က
ယေဘုယျအားဖြင့် အခွင့်အရေးများလေသည်။ အဖော်အပေါင်းနဲ့ထွက်ပြေးသည်ဆိုရင်တောင် ယုံကြည်ရသူခပ်ရှားရှားဖြစ်ပြီး
သူ့လူငါ့ဘက်သားများပါပါက
မသေရုံတမယ်ညှင်းဆဲခြင်းများဖြင့်
အနုနည်းသတ်ပစ်ကြမည်မှာ အသေအချာ။

ထိုမျိုးနွယ်စုနှစ်ခု၏ မတူညီသောအချက်မှာ
ဂျွန် မျိုးနွယ်စုသည် သာ၍ရက်စက်သည်။
သာ၍ကြမ်းကြုတ်သည်။ ဖမ်းဆီးထားသမျှ
လူများသာမက မိမိမျိုးနွယ်အချင်းချင်းလည်း
မညှာမတာခိုင်းရဲသည်။သတ်ရဲသည်။

Beautiful Pain [Completed]Where stories live. Discover now