(Unicode)
ပြင်းရှခြင်းဂျွန်
မျက်နှာချင်းဆိုင် တဲအရှေ့တွင် ဂျီမင်တစ်ယောက်
ငါးများကို မီးဖိုပေါ်ကချလိုက်၊ ကင်လိုက်နဲ့
အလုပ်ရှုပ်နေသည်။ မျက်နှာချိုချိုလေးနဲ့မို့
ဂျီမင်ကို ထယ်ယောင်းသိပ်တော့ မကြောက်ပါ။
သွားရင်းလာရင်း လမ်းမှာတွေ့တဲ့အခါလည်း
ပြုံးပြုံးပြတတ်သေးသည်။အဘွားအိုကိုနှိပ်ပေးနေရင်း ဂျီမင်ရှိရာသို့
သူလှမ်းကြည့်နေမိတယ်။" ရပြီကလေး။ အဘွားအိပ်တော့မယ် ...
သွားနားချေတော့ "အဘွားက တုံးလုံးလှဲကာအိပ်ရန်ပြင်တော့
ထယ်ယောင်းသွက်သွက်လေးထကာ
စောင်ယူခြုံပေးလိုက်သည်။ သူနဲ့သက်တူ
ရွယ်တူမြေးလေးဆုံးပါးသွားရှာသည့်အဘွားက
သူ့မြေးလေးနဲ့ရွယ်တူဖြစ်သော ထယ်ယောင်း
အပေါ် ပိုပြီး ခင်တွယ်လေသည်။ ထယ်ယောင်း
ကလည်း ထိုနည်းတူပင်။ဂျီမင်က သူ့ကို ခေါင်းမော့ပြီး ကြည့်ရင်း
ငါးကင်ကို မြှောက်ပြကာ လက်ယက်ခေါ်နေတော့
သူ ခေါင်းခါပြလိုက်တယ်။ သို့သော် မရမက
ခေါ်နေတော့ သူ မငြင်းနိုင်ဘဲ ဂျီမင်ဘေးနားသို့
ရောက်လာခဲ့တော့သည်။" ငါးကင်စားမလား "
" ဟင့်အင်း "
သူ ပြုံးပြုံးလေးပြောကာ ခေါင်းခါပြလိုက်တယ်။
ငါးကင်အနံ့လေးက မွှေးတေးတေးရှိလှပေမယ့်
မျိုးနွယ်စုမတူသောလူအပေါ် ကြင်ကြင်နာနာ
စိုက်ကြည့်နေတဲ့ ဂျီမင်အပေါ် ခပ်ရွံ့ရွံ့သာ
ဆက်ဆံလိုက်တယ်။" မင်းကို ဘာမှခိုင်းမစားပါဘူး။
စားမှာသာစား ...ရော့ "ပြောပြောဆိုဆိုပင် သူ့ပါးစပ်ထဲသို့ ငါးကင်
တစ်ကောင်ကို ဂျီမင် ဇိုးဇိုးဇက်ဇက် ထည့်ပေး
လိုက်တယ်။ မျက်လုံးပြူးသွားတဲ့ ထယ်ယောင်းပုံစံကို ကြည့်ကာ ဂျီမင်တစ်ယောက် တခိခိရယ်မဆုံးနိုင်။" အဟ ...ချစ်စရာလေး။ မထုံတတ်တေး
ခေါင်းဆောင်နဲ့သာ တွေ့စေချင်စမ်းတယ်။
ရေခဲတုံးကို စျာန်လျှောစေချင်တာ "ခေါင်းဆောင်ဆိုတဲ့စကားကြောင့် ထယ်ယောင်းမျက်နှာ
ပျက်ယွင်းသွားသော်လည်း ချက်ချင်းပင်
မသိချင်ဟန်ဆောင်လိုက်တယ်။
ŞİMDİ OKUDUĞUN
Beautiful Pain [Completed]
Hayran Kurguစွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန်တောင်ဖျားတွင်သာ ရဲရဲနီပွင့်လန်း၏။ သခင့်ကောင်းကင်အောက် စွန့်စားရဲစေသား။ သခင့်လက်ဖျားအထက် တည်တံ့စေသား...