ထာဝရ JEON

12.5K 1K 461
                                    

(Unicode)

ထာဝရဂျွန်

ဒဏ်ရာများကြားမှပင် မိမိကိုလက်ခံပေးခဲ့သော
ထယ်ယောင်းဖြစ်သည်။ တဆတ်ဆတ်တုန်ယင်
နေခဲ့သောခန္ဓာကိုယ်သည် တဖျပ်ဖျပ်
လှုပ်ခတ်တတ်သော ပန်းလွှာချပ်များပမာ ထိကိုင်ဖို့ပင်
မရဲနိုင်လောက်သည့် နူးညံ့ခြင်းများနှင့်၊ ဂျုံးဂု
အာရုံထဲ၌မင်းမူနေခဲ့သည်။ စီးဆင်းသော
သွေးများသဖွယ် နွေးထွေးလောင်မြိုက်ခြင်း
အတိဖြင့်လည်း လွန့်လူးနေခဲ့ပြီး၊ ညည်းညူခြင်း
ကိုတောင်မပြုဘဲ မျက်ရည်များဝဲ၍ နာကျင်မှု့ကို
အံတုနေသော ပုံသဏ္ဍာန်လေးက ဂျုံးဂုအား
အမည်ဖော်ပြရန်ခက်ခဲသော ခံစားချက်ပေါင်းစုံကို
ပေးသွားခဲ့သည်။ ပျောက်ပြယ်သွားမှာစိုးမိသော
ပုံရိပ်ကလေးပင်ဖြစ်သည်။ မျက်လုံးတွေကိုတောင်
မမှိတ်ချင်တော့တဲ့အထိ၊ တစ်ညလုံး ငေးမောရင်းသာ
ကုန်ဆုံးမိလိုက်သည်။

ရင်ကွဲနာကျခြင်းမည်သည် မည်သို့သောခံစားချက်
မျိုးနည်း။ မခံစားဖူးသည်မို့ ဂျုံးဂု သေသေချာချာ
ပြောပြရန်ခက်ခဲသော်ငြား၊ ဗြောင်းဆန်နေသော
မိမိရင်ခွင်ကိုသာ ထယ်ယောင်းမြင်သွားပါက
ထို့သို့ အမည်တပ်လေမည်လား မပြောတတ်ပေ။

မင်းကတော့ အန္တရာယ်ကင်းမှ ဖြစ်မယ်။

ဂျုံးဂုသည် ထယ်ယောင်း၏ပုခုံးစွန်းကိုဆွဲကိုင်ကာ
နှုတ်ခမ်းနဲ့အကြာကြီးဖိကပ်ထားခဲ့သည်။ နမ်းသည်
ဆိုခြင်းထက်၊ ရှိနေသေးသည်ဟူသောအသိလေးကို
သူရိုက်သွင်းနေခြင်းလည်းဖြစ်သည်။ ထိုအထိအတွေ့
ကြောင့်ပင် ထယ်ယောင်းနိုးလာခဲ့သည်။

ဂျုံးဂုက ထယ်ယောင်းကို "ခဏနေရင်ဂျီမင်
လာခေါ်လိမ့်မယ်၊ ပြင်ဆင်စရာရှိတာပြင်ဆင်ထား"
ဟုပြောပြီးပြီးချင်းပင်၊ အပြင်သို့ထွက်သွားခဲ့သည်။

ထယ်ယောင်းသည် ရေခပ်မြန်မြန်ချိုးကာ
ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်နေခဲ့သည်။
အင်္ကျီလေးငါးစုံနဲ့တိုတိုထွာထွာ ပစ္စည်းများသာ
ဖြစ်သည်မို့၊ ထင်တာထက် ပေါ့ပါးနေသော
အိတ်ကိုဆွဲယူရင်း သူအပြင်သို့ထွက်ခဲ့လိုက်တော့
ဂျီမင်နှင့် အခန့်သင့်စွာတွေ့လိုက်ရလေသည်။
ဂျီမင်ပုံက ခပ်နွမ်းနွမ်းပင်။ မိမိများ သိပ်ပြီး
တက်ကြွလွန်းနေတာလားဟု ထယ်ယောင်း
တွေးမိသွားပြီး ရှက်ရှက်နဲ့ချောင်းဟန့်လိုက်မိသည်။

Beautiful Pain [Completed]Where stories live. Discover now