မြတ်နိုးခြင်း JEON

18.9K 1.6K 108
                                    

(Unicode)

မြတ်နိုးခြင်းဂျွန်

အိမ်ခြေနှစ်ဆယ်မကျော်တဲ့စခန်းမှ သတင်း
အချို့က ပြန့်လွယ်သည်ထင်။ အခန်းရှိရာ
ပြန်ရောက်ရောက်ချင်းပင် ဒေါသတကြီး
လိုက်လာသော ဦးလေးဂျွန်နှင့် ဂျုံးဂု
ရင်ဆိုင်လိုက်ရသည်။ ဂျုံးဂုအနောက်ဘက်တွင်
ကြောက်ရွံ့စွာခေါင်းငုံ့ရပ်နေသည့် ထယ်ယောင်း
လက်ကောက်ဝတ်ကို အားနဲ့ဆောင့်ဆွဲသောအခါ
ထယ်ယောင်း ဝုန်းခနဲလဲကျသွားရသည်။
သွေးမဲ့သော ဆံဖျားမှသည် ခြေဖမိုးအထိ
ရုန်းကြွလာသောဒေါသများကြောင့် ဂျုံးဂု၏
သေနတ်ပြောင်းဝက ဦးလေးဂျွန်၏နားထင်သို့
တုံ့ဆိုင်းခြင်းကင်းမဲ့စွာချိန်ရွယ်လျက်။
ထင်မှတ်မထားသည့် ဂျုံးဂု၏သွေးအေးအေး
အပြုအမူက ဦးလေးဂျွန်ကို မင်သက်စိုးထိတ်စေခဲ့သည်။

"  သူ ဘယ်အမျိုးအနွယ်ကဆိုတာ
မသိလို့လား ဂျုံးဂု "

" ဘယ်အမျိုးအနွယ်ကဖြစ်ဖြစ် "

အေးစက်သောလေသံသည် ဟတတဖြင့်
ပြတ်သားသော နှုတ်ခမ်းပါးရဲရဲတွင် ဖြစ်တည်သည်။
ကျားရဲတစ်ကောင်ဟန် စူးရှသော
နီညိုရောင်မျက်ဆန်များက ပြိုင်ဘက်ကင်းကင်း
အစိုးရခြင်းကို ဖော်ဆောင်သည်။

" ဒီလို အတန်းစားနိမ့်တဲ့ မျိုးနွယ်တွေနဲ့
ငါတို့ မိဘဘိုးဘေးတွေလက်ထပ်တည်းက
အတူတူမနေခဲ့ကြဘူး။ မင်း စိတ်ပါလို့ ခဏတာ
ပျော်မယ်ဆို... "

" တစ်သက်လုံး... "

ဦးလေးဂျွန်နှင့်အတူ ထယ်ယောင်း၏မျက်ခုံး
များလည်း အပေါ်သို့ ကွေးတက်သွားရသည်။
ဂျုံးဂုသည် လဲနေသောထယ်ယောင်းအား
တစ်ချက်ဝေ့ကြည့်ပြီးနောက် ဦးလေးဂျွန်
မျက်နှာအား စူးစိုက်ကြည့်ကာ ပြတ်သား
ရဲရင့်စွာဆိုသည်။

" တောက်!!! မင်းစည်းတွေစဖောက်နေတာ "

" စည်းတွေ၊ ဘောင်တွေကို ခေါင်းဆောင်ကပဲ
သတ်မှတ်မယ်။ ကျွန်တော် မရက်စက်ချင်ဘူး "

" မင်း တစ်နေ့ နောင်တကောင်းကောင်းရလိမ့်မယ် "

ဦးလေးဂျွန်သည် ထယ်ယောင်းအား စက်ဆုပ်ရွံရှာ
ဟန်အပြည့်ဖြင့်ကြည့်ကာ သူတို့နှစ်ဦးကို
ကျောခိုင်းလျက် ထွက်သွားသည်။
ဂျုံးဂုသိသည်။ ကင်မ်မျိုးနွယ်ကို ပျော်တော်ဆက်
အစေခံလိုသဘောထား၍ ဆက်ဆံရမည်ကို။
အခုလို အများရှေ့ ပွင့်လင်းစွာအတူနေထိုင်ခြင်းက
မျိုးနွယ်စုအား မကျေမနပ်ဖြစ်စေမည်မှာ
အသေအချာ။

Beautiful Pain [Completed]Where stories live. Discover now