ဟမ္မူ.ရာဘီကိုဓဥပဒေ(ss-2)

7.7K 327 10
                                    

//ဟမ္မူ.ရာဘီကိုဓဥပဒေ(Season-2)//
            //အပိုင်း=1//

အရာအားလုံး ပြီးဆုံးသွားခဲ့ပြီလား???

ကျောခိုင်းရက်တဲ့သူကတော့ ကျောခိုင်းပြီး
သွားပစ်ခဲ့ပြီပဲ အမှတ်မရှိ ဘာဆိုင်လို့
ဒီမျက်ရည်တွေက ကျနေရပြန်တာလဲ??

"မကျစမ်းနဲ့ Byun Baekkie !
နင်နဲ့သူက ဘာမှမှမဆိုင်တော့တာ!
သူလည်း သူ့အိမ်ထောင်နဲ့ သူပဲ!
နင့်မှာ နင့်ကိုသိပ်ချစ်တဲ့ Park Chanyeolရော! နင်သိပ်ချစ်ရမယ့် သားလေးလည်းရှိတယ်!
ဟုတ်တယ် ပြီးဆုံးသွားတဲ့အရာတွေကို ပြန်တမ်းတ မနေစမ်းနဲ့ Byun Baekkie! မငိုနဲ့!
အဟက် ဒီမျက်ရည်တွေ တကယ်ပဲ စိတ်ပျက်ဖို့ကောင်းတယ်"

ပါးပြင်ထက် တသွင်သွင် စီးကျလာသည့် မျက်ရည်စတွေအား လက်ခုံဖြင့် ဖိပွတ်ဖယ်ရှားလိုက်သော်ငြား မျက်ဝန်းလေးပြူ.းကာ မော့ကြည့်နေရှာသည့် ရင်ခွင်ထဲက သားငယ်အား မြင်တော့ မျက်ရည်က ထပ်ပြီးကျလာပြန်သည်။

baek//သားရယ် မာမီဘယ်လိုလုပ်ရမလဲ?
ဟင်? သားပြောပါဦး!

မျက်ရည်တွေကြားမှ သူမမေးနေသော်ငြား သားငယ်ကတော့ အပူအပင်ကင်းစွာ ပြူ.းကြည့်လျက်ပင်…………။

တသိမ့်သိမ့်ရွာနေသည့် မိုးရေကျသံကလွဲပြီး တိတ်ဆိတ်နေသည့် အိမ်ကြီးက သုသာန်တစပြင်အလား……။

နှစ်ခြိုက်စွာ အိပ်မောကျနေသည့် သားငယ်အား ပုတ်သက်ချော့သိပ်ကာ ကုတင်ထက်လဲလျောင်းရင်း နာကျင်မှုက အတိုင်းအဆမရှိ……။

"ဘယ်လောက်ပဲ ကျက်သွားပြီဖြစ်တဲ့
အနာဖြစ်နေပါစေ မတော်တဆထိခိုက်မိရင်တော့ အတိုင်းအဆမရှိ နာကျင်နေရတုန်းပဲ မဟုတ်လားမောင်!"

"ကျွန်မမေ့ပစ်ခဲ့ပါတယ် ။ မောင့်ကိုကျွန်မနှလုံးသားထဲက ဆွဲထုတ်ဖို့အထိ ကြိုးစားခဲ့တယ်။ "

"အဲ့ဒါတွေအားလုံးက မောင်ပျော်ရွှင်ဖို့…။
မောင့်ကိုမြင်နေရယုံနဲ့ ဘယ်လိုအနေအထားမျိုးကို မဆိုBaekနေသားကျဖို့ ကြိုးစားပေးခဲ့တာ"

"အဲ့လောက်ထိလုပ်ဖို့ လိုခဲ့လို့လားမောင်ရယ်!
အဝေးဆုံးကို ထွက်သွားဖို့အထိတောင် လုပ်ဖို့လိုခဲ့လို့လား???"

ဟမ္မူ.ရာဘီကိုဓဥပဒေ(Season-2)Where stories live. Discover now