• အပိုင်း - ၃၀ •
တဟူးဟူးတိုက်ခတ်နေတဲ့ လေအလျင်ကို မျက်နှာမူရင်း သက်ပြင်းတွေ အခါခါချဖြစ်သည် ။
' ငါတို့ဘာဆက်လုပ်ကြမလဲ Chanyeol '
ကျနော့်အမေးအား Chanyeolချက်ချင်း မတုံ့ပြန်ပါ ။
လက်ထဲရှိစီးကရက်ကိုသာ တဆုံးရှိုက်ဖွာပြီး ခေါင်းကိုမော့ကာ မီးခိုငွေ့တွေ ကောင်းကင်ယံသို့ လွှင့်တင်နေသည် ။
သူလည်းကျနော့်လို တွေဝေနေလောက်သည်လေ ။
' ငါတို့ကလမ်းတဝက်ရောက်နေပြီ Jongin ။ နောက်ပြန်လှည့်လို့မရတော့ဘူး ။ အဆုံးရောက်အောင် ရှေ့ဆက်လျှောက်ယုံကလွဲပြီး ငါတို့မှာ ရွေးချယ်စရာမရှိတော့ဘူး '
' ဒါပေမဲ့ '
' ငါသဘောထားကြီးကြီးနဲ့ လက်ခံပေးထားတာပဲ ။
မင်းပူပန်မနေပါနဲ့ '' Kyungsooသိသွားရင် လွယ်မှာမဟုတ်ဘူး Chanyeol '
' အဲ့ဒါက မင်းနဲ့ငါ့အပေါ်မှာပဲ မူတည်တယ် ။ ဒီလျှို့ဝှက်ချက်က မင်းရယ် ငါရယ် နှစ်ယောက်တည်းပဲသိတာ ။ ကာယကံရှင်ဖြစ်တဲ့ Baekတောင် သိတာမဟုတ်ဘူး '
' ငါတောင်းပန်ပါတယ် Chanyeol '
' ပြီးခဲ့တာတွေအတွက် တောင်းပန်တယ်ဆိုတာ မလိုအပ်တော့ဘူး Jongin '
လက်ထဲရှိဆေးလိပ်အား မြေပြင်သို့ပစ်ချကာ ဖိနပ်ဦးနှင့်နင်းချေရင်း Chanyeolခေါင်းညိတ်ပြသည် ။
' ကျေးဇူးတင်ပါတယ်Chanyeol ။ ငါမင်းကိုတကယ်ကျေးဇူးတင်တာပါ '
" တကယ်တော့ Kyungsooက မင်းကိုသိပ်ချစ်တာ ။ သူ့ရဲ့ရူးသွပ်မှုက ဘယ်အတိုင်းအတာအထိ မင်းအပေါ်ရှိသလဲဆိုရင် သူ့ရဲ့ဖြစ်တည်နေမှုက မင်းဖြစ်နေတာ ။ မင်းမရှိမှာ သူသိပ်ကြောက်တယ်။ ငါ့ညီမလေး တစ်ခါတစ်ရံ ဆိုးကောင်းဆိုးနိုင်တယ်Jongin ။ ဒါပေမဲ့ သူ့ရင်ထဲမှာတော့ မင်းကအနှိုင်းမဲ့ပဲဆိုတာ မင်းယုံကြည်ပေးပါ '
' ငါ ငါKyungsooကို ချစ်ပါတယ်Chanyeol ။ Byun Baekkieကို ချစ်သလောက် ချစ်တာလားလို့တော့ မင်းငါ့ကိုမမေးပါနဲ့ ။ သူ့လောက်မဟုတ်ခဲ့ရင်တောင် သူ့ထက်တော့ မလျှော့ဘူးဆိုတာ Kyungsooကို သိစေချင်တယ်။ တစ်ခါတစ်လေ မင်းပြောသလို Kyungsooက သိပ်ဆိုးတယ် ။ သူ့ကိုယ်သူ ဒုတိယဆိုတဲ့အတွေးနဲ့ အမြဲနှိုင်းယှဉ်ပြီး ပြောတတ်လွန်းတယ် '