ဟမ္မူရာဘီကိုဓဥပဒေ(SS-2)

1.6K 221 23
                                    

                  🍀အပိုင်း - ၂၉🍀

ဆံဖျားတွေမှတစ်ဆင့် အောက်ခင်းကြွေပြားအထိ ဖြတ်ဆင်းနေသည့် ရေစက်တွေရဲ့ အေးစက်မှုတွေကြား ရောယှက်စီးဆင်းနေသည့် မျက်ရည်စတွေ ။

သူမ Chanyeollieကို ပြန်လက်ခံလိုက်သင့်သလား ။

သားကသဘောတူပါ့မလား ။

ဒါက ခက်ခဲတဲ့ကိစ္စရပ်တစ်ခုမို့ သူမလွယ်လွယ်နဲ့ ဘာကိုမှမဆုံးဖြတ်ရဲသေးတာတော့ အမှန် ။

' Chanyeollie ။ '

ခါးနားဆီရစ်သိုင်းလာတဲ့ ယောက်ျားပီသလွန်းသည့် သွေးကြောအပြိုင်းပြိုင်းနဲ့ လက်နှစ်ဖက်အား အလန့်တကြားဆုတ်ကိုင်ကာ သူမခေါ်လိုက်မိခြင်းသာ ။

' ဖြစ်ပျက်ခဲ့သမျှတိုင်းအတွက် ကိုယ်တောင်းပန်ပါတယ်Baek ။ ကိုယ်တို့ အသစ်ကပြန်စရအောင် ။  '

' ကျွန်မ ။ '

တွေးဝေစွာ ထွက်ကျလာသည့် ခပ်လေးလေး စကားလုံးရဲ့အဆုံး သူနှင့်မျက်နှာချင်ဆိုင် အနေအထား ဆွဲလှည့်ခြင်း ခံလိုက်ရသည့် ခန္ဓာကိုယ်လေးက သူကစားလိုရာ ကစားနိုင်သည့် အရုပ်ကလေးလိုသာ ။

' ဖြစ်ပျက်သမျှတိုင်းမှာ ကိုယ်မမှားခဲ့ဘူးမဟုတ်လားBaek ။ ဒါကိုမင်းကိုယ်တိုင်လည်း သိပါတယ် ။ ဒါပေမဲ့ ကိုယ်ကယောက်ျားမို့လို့ ကိုယ်ဘက်က မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ်ဘက်ကစပြီး တောင်းပန်နေတယ်လေ ။ မင်းဘာလို့တွေဝေနေတာလဲ ။ '

' ကျွန်မမတွေဝေလို့မရဘူး Chanyeollie ။ သားရှိနေတယ် ။ အခုအချိန်မှာ သားရဲ့ဆန္ဒတိုင်းက ကျွန်မအတွက် ပထမပဲ ။ '

' ဒါဆို ကိုယ်ကရော Baek ။ ကိုယ်ကဘယ်အချိန်မှ မင်းရဲ့ပထမဖြစ်မှာလဲ ။ မင်းရဲ့အတိတ်မှာ Kim Jong Inက ပထမဖြစ်ခဲ့ပြီး မင်းရဲ့ပစ္စုပ္ပန်မှာတော့ သားက ပထမတဲ့လား ။ ဒါဆို ကိုယ် Park Chan Yeolဆိုတဲ့ ကိုယ်က မင်းအတွက် ဘယ်နေရာလဲ Baek ။ '

' ကျွန်မသွားတော့မယ် Chanyeollie ။ '

' ကိုယ်ခွင့်မပြုဘူး Baek ။ '

လက်မောင်းမှဆွဲကိုင်ကာ တားမြစ်မှုရဲ့အဆုံး ပခုံးတစ်ဖက်တစ်ချက်ဆီမှာ နေရာယူနေတဲ့ သူ့လက်တွေက တင်းကျပ်စွာ ။

ဟမ္မူ.ရာဘီကိုဓဥပဒေ(Season-2)Место, где живут истории. Откройте их для себя