*အပိုင်း-14*
ဆောင်းနှင်းအေးစက် ညနက်အလယ်မှာ ကုတင်ထက်လူးလွန့်ရင်း အိပ်မက်နွံကြား ရုန်းကန်နေတဲ့ Chanyeol.
မွေ့ယာထက် လူးလွန့်ကာ ခေါင်းတွေအဆက်မပြတ် ယမ်းခါရင်း အိပ်ယာမှ သူဇက်ကနဲ လန့်နိုး၍လာသည်.
မောဟိုက်နေတဲ့ ရင်အစုံက နိမ့်ချည်မြင့်ချည်.
အသက်ကိုအလုအယက် ရှူရှိုက်ရင်း မျက်နှာအား လက်ဖဝါးဖြင့် ပွတ်သပ်ကာ အိပ်မက်ဆိုးကို မေးပစ်ဖို့ သူကြိုးစားနေခြင်းသာ.
ငြိမ်သက်စပြုလာပြီဖြစ်တဲ့ စိတ်အစဉ်အား ပိုမိုသက်သာစေရန် ဘေးနားရှိစားပွဲပေါ်မှ ရေအားယူကာ သောက်ရန်ပြင်လိုက်စဉ်.
ဖန်ခွက်ဘေးမှ သပ်ရပ်စွာတည်ရှိနေတဲ့ စာရွက်ခေါက်လေး.
ဒါကဘာပါလိမ့်?
သိလိုစိတ်နှင့် ယူငင်ကာ ထိုစာရွက်ခေါက်လေးအား ဖြန့်၍သူကြည့်ဖြစ်သည်.
ဝိုင်းစက်ညီညာညာလက်ရေးတွေ အပြည့်နှင့် ထိုစာရွက်လေးက သူ့နှလုံးသားအတွက် အမိန့်ပြန်တမ်းတဲ့လား?
စာရွက်ထံမှ အကြည့်မခွာတမ်း သူဖတ်နေရင်း မျက်ဝန်းအိမ်ထက်မှ မျက်ရည်ဥတွေ အလုအယက် ခုန်ဆင်းချေပြီ.
တဆက်ဆက်တုန်ရီနေတဲ့ နှုတ်ခမ်းပါးကို အံတင်း၍ကိုက်ထားတာမို့ သွေးစတွေတောင် သမ်းလေပြီ.
စာကြောင်းအဆုံး အရုပ်ကြိုးပျက်ငြိမ်သက်သွားတဲ့ ခန္ဓာကိုယ်က အသက်မရှိတော့သည့်အလား.
လှုပ်ခတ်နေတဲ့ ရင်အစုံကတော့ နာကျင်မှုပလပွနဲ့ပါလေ.
ဝေခွဲမရတဲ့အတွေးတွေလည်း ခေါင်းထဲမှာရှုပ်ထွေး၍နေသည်.
ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ?
ဘာအညှိုးရယ်ကြောင့် ကံတရားက ကျနော့်နှလုံးသားကို ဒဏ်ခတ်ရက်တာလဲ?
ကျနော် Baekကိုချစ်တယ်.
ကျနော့်ဘဝ ကျနော့်အသက် ကျနော့်ခန္ဓာထက်ကို Baekကို ပိုမြတ်နိုးခဲ့တယ်.
တရားသောအချစ်နဲ့ လက်ထပ်ခဲ့တာမဟုတ်ပေမဲ့ Baekအပေါ် ကျနော်ယောက်ျားတစ်ယောက် တာဝန်ကျေပေးခဲ့တာပဲ.