ဟမ္မူရာဘီကိုဓဥပဒေ(SS-2)

1.5K 189 61
                                    

• အပိုင်း - ၃၂ •

မျက်စိရှေ့က ထမင်းပန်းကန်အား လျစ်လျူရှုကာ သူမလှုပ်ရှားသမျှကိုသာ မျက်တောင်မခတ်တမ်း လိုက်လံကြည့်ရှုနေမိသည် ။

ကျနော် သိပ်မြတ်နိုးတာ ။

ကျနော် သိပ်ပြီးတန်ဖိုးထားခဲ့တဲ့ ကြွေရုပ်လေး ။

ဒါပေမဲ့ သူမရဲ့ဖြစ်တည်မှုက ကျနော့်အတွက် မဟုတ်ခဲ့ဘူး ။

' ကို စားလေ '

' Baek '

' အင်း '

' အပြင်ခဏသွားကြရအောင် '

' အပြင် သွားလေ ခဏလေး ကျွန်မ အဝတ်အစားသွားလဲလိုက်အုန်းမယ် '

' မလဲနဲ့Baek ။ မင်းကဒီအတိုင်းလည်း သူမတူအောင် လှနေပြီးသားပါ '

ကျနော့်စကားကြောင့် မျက်စောင်းလေးဝင့်ကာ ပိုရန်ကောဆိုတဲ့ အကြည့်မျိုးနဲ့ သူမပြုံးသည် ။

တရွေ့ရွေ့မောင်းနှင်နေတဲ့ ကားလေးက နေရာတစ်ခုဆီ ဦးတည်လျက် ။

ခေါင်းလေးဘယ်ညာဝေ့ယမ်းကာ နေရာအနှံ့လိုက်ကြည့်နေတဲ့ သူမက ကလေးတစ်ယောက်သဖွယ် ။

' ကို ဒါက '

' ရောက်ပြီ အောက်ခဏဆင်း Baek '

ကျနော့်စကားအတိုင်း သူမအောက်သို့ ဆင်းကာ ပတ်ပတ်လည်ကို လိုက်လံကြည့်ရှုနေသည် ။

' ဒါက '

' Baekဒီနေရာလေးကို မှတ်မိလား '

နောက်မှခါးအားသိုင်းဖက်ကာ ပခုံးကျဉ်းကျဉ်းပေါ် မေးတင်ရင်း ကျနော်မေးလိုက်ခြင်းသာ ။

' ဒါဘယ်နေရာလဲ '

' ဒါJonginအိမ်လေ ။ ကိုယ်တို့ငယ်ငယ်တုန်းက နေခဲ့ကြတဲ့အိမ်လေးပေါ့ '

ပြုံးရင်း ကျနော်ပြောဖြစ်သော်ငြား သူမကတော့ မလှုပ်မယှက် ။

' ကိုယ်တို့အိမ်က ဟိုဘက်တစ်လမ်းကျော်မှာလေ ။ အခုအချိန်အထိ ကိုယ်ဘာလို့ ဒီကိုခေါ်လာတယ်ဆိုတာ မင်းနားမလည်သေးဘူး မဟုတ်လား Baek '

' အင်း '

' ကိုယ်မင်းကိုပုံပြင်လေးတစ်ပုဒ် ပြောပြမယ်Baek ။ ပုံပြင်ဆိုတာထက် ဇာတ်လမ်းဆိုပိုမှန်လိမ့်မယ် ။
နှင်းတွေဖွေးနေအောင်ကျနေတဲ့ မနက်ခင်းလေး တစ်ခုမှာပေါ့ ။ သူငယ်ချင်းကို ကျောင်းသွားဖို့ လာခေါ်တဲ့ ကောင်လေးတစ်ယောက်က ကားကိုမှီပြီး မတ်တပ်ရပ်နေရင်း မျက်လုံးတွေက ဟိုသည်ကစားပြီး လျှောက်ကြည့်နေခဲ့တယ် ။ ဘာရယ်မဟုတ် သူလျှောက်ကြည့်ရင်းက သူ့မြင်လွှာထဲကို ရုတ်တရက် အရိပ်ကလေးတစ်ခု တိုးဝင်လာခဲ့တယ် ။ ရွှေဝါရောင် ဆံပင်ဂုတ်ဝဲလေးနဲ့ အဝါရောင်အနွေးထည်လေးကို ဝတ်ပြီး စက်ဘီးကိုခပ်ဖြေးဖြေး နင်းလာတဲ့ကောင်မလေး ။ အပိုဆောင်းအနေနဲ့ သူ့လည်ပင်းမှာ ပဝါအနီလေး ပတ်ထားသေးတယ်။ ဆောင်းဦးရဲ့နှင်းစက်တွေနဲ့ အပြိုင် လှရက်နေလွန်းတဲ့ သူမကိုကြည့်ပြီး အဲ့ကောင်လေးရဲ့ မျက်လုံးတွေက သူမအနားက ခွာမရခဲ့ဘူး ။ ပြောရမယ်ဆိုရင် ကောင်လေးက ကောင်မလေးကို မြင်မြင်ချင်းမှာပဲ စွဲစွဲလန်းလန်း ချစ်မိသွားခဲ့တာ ။ တိုက်ဆိုင်တယ်လို့ပဲပြောရမလား ။ ဆောင်းလေအဝှေ့မှာ ကောင်မလေးလည်ပင်းက ပဝါအနီလေး ပြေပြီး လွင့်လာခဲ့တယ် ။ ကံဆိုးစွာနဲ့ အဲ့ပဝါလေးကို ကောင်လေးမရခဲ့ဘူး ။ ပဝါလေးက သူ့ပိုင်ရှင်ဆီကို တည့်တည့်မတ်မတ် ရောက်သွားခဲ့တယ် ။ အဲ့ဒီ့လူက အိမ်ထဲကနေ အပြေးအလွှားထွက်လာတဲ့ ကောင်လေးရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ ။ အဲ့အချိန်က ကောင်လေးဆုံးရှုံးလိုက်ရတာ ပဝါလေးတစ်ခုလို့ပဲ ထင်ခဲ့ပေမဲ့ တကယ်တမ်း ဆုံးရှုံးလိုက်ရတာ နှလုံးသားတစ်ခုပဲ ။ '

ဟမ္မူ.ရာဘီကိုဓဥပဒေ(Season-2)Donde viven las historias. Descúbrelo ahora