🎄အပိုင်း - ၂၄🎄
baek - တီXing! တီXing!
တီXingအခန်းတံခါးအား ပုတ်ကာ ခပ်တိုးတိုးသူမခေါ်သံအဆုံး တံခါးပွင့်၍လာသည်။
xing - Baekပြောလေသမီး
baek - တီXing! Chanyeollieဘယ်မှာရှိနေလဲ တီXingသိတယ်မဟုတ်လား
xing - အင်း ဘာလို့လဲ
baek - BaekကိုပြောပြပါတီXing!
xing - ခြံအမှတ် (614) ……
တီXingပြောသမျှ အသေအချာမှတ်ပြီး ကားကိုယူကာ ခြံထဲမှသူမမောင်းထွက်လိုက်သည်။
တိတ်ဆိတ်နေတဲ့ညနက်မှာ နှင်းစက်တို့က တဖျောက်ဖျောက်ကျလျက်။
နေရာအနှံ့အလှဆင်ထားတဲ့ ရောင်စုံမီးသီးလေးတွေရဲ့ အရောင်ကြောင့် လမ်းတွေက လင်း၍နေသည်။
တီXingပြောသည့်ခြံရှေ့အရောက် ကားအားရပ်တန့်ပစ်လိုက်ပြီး ChanyeollieဆီPhပြန်ခေါ်လိုက်သည်။
baek - Park Chanyeol! ကျွန်မအခုရှင့်အိမ်ရှေ့ရောက်နေတယ်! ကျွန်မသားကိုခေါ်ခဲ့ပေး
pcy - ခြံတံခါးဖွင့်ထားတယ်ဝင်လာခဲ့
ပြောပြီးချသွားသည့် Phအားကြည့်ကာ တစ်ချက်တောက်ခေါက်လိုက်ပြီး ကားကိုခြံထဲကွေ့ဝင်ကာ လူခေါ်ဘဲလ်အား နှိပ်လိုက်တော့ Chanyeollieတံခါးလာဖွင့်သည်။
baek - ကျွန်မသားဘယ်မှာလဲ
pcy - ရှူး
baek - ရှင်ဝေ့လည်ကြောင်ပတ်တွေလုပ်မနေနဲ့ Park Chanyeol!
သူမစကားအား ဂရုမစိုက်ဟန်ဖြင့် ပခုံးမှကိုင်ကာ ခြံရှေ့သို့ မျက်နှာမူစေပြန်သည်။
Santaဝတ်စုံနဲ့ ဂစ်တာတွေကိုင်ကာ ကောင်းချီးပေးနေတဲ့ လူတစ်ချို့။
ဒီနေ့က Christmasနေ့ပဲ!
pcy - သူများတွေကောင်းချီးပေးနေတာ မင်းဒေါသတွေနဲ့ မဖျက်ဆီးချင်စမ်းနဲ့ Byun Baekhyun!
အေးစက်စက်သူ့စကားသံတွေက Christmasညရဲ့ နှင်းစက်တွေလိုပဲ!
သူမပခုံးအားမလွှတ်တမ်းဖက်တွယ်ထားတဲ့ သူ့လက်တွေအား မတွန်းဖယ်မိသလို ဂစ်တာသံတောင်တင်တီးကာ သီချင်းဆိုညည်းနေကြတဲ့ လူတွေအားကြည့်ကာ အတိတ်နေ့ရက်တွေကြား ပြန်လည်ရောက်ရှိခဲ့ရပြန်သည်။