ဟမ္မူ.ရာဘီကိုဓဥပဒေ(ss-2)

3.5K 278 8
                                    

//ဟမ္မူ.ရာဘီကိုဓဥပဒေ(Season-2)//
              //အပိုင်း=2//

ဧည့်ခန်းအတွင်းရှိ Sofaပေါ်တွင် ထိုင်ရင်း စီးကရက်ဘူးအားရှေ့ချကာ တစ်လိပ်ပြီးတစ်လိပ်
ဆယ်ဆက်သလို ရှိုက်ဖွာလိုက် မီးအားထိုးချေသတ်
လိုက်ဖြင့် မကျေနပ်မှုအား သူတော်တော်လေး ဒေါသအားဖြေယူနေရသည်…။

အကျီင်္ဝတ်ဖို့လည်း သတိမရအား။

အံကိုတင်းတင်းကြိတ်ကာ ဆေးလိပ်ကိုသာ ရှိုက်ဖွာနေဆဲ……။

soo//အကို!

ခေါ်သံအားကြားသော်ငြား ပြန်မဖြေဖြစ်။

soo//sooကိုစကားမပြောချင် နေပါအစ်ကိုရယ်!
ဒါပေမဲ့ အကျီင်္လေးတော့ ဝတ်ပါနော်!
အစ်ကိုအအေးပက်လိမ့်မယ်!

kai//သေသွားတော့ရော ဘာဖြစ်လဲ?
ငါ့ကိုဂရုစိုက်မနေနဲ့ ငါ့ဘာသာဘာပဲဖြစ်ဖြစ်။

soo//ဂရုမစိုက်လို့ရမလား အစ်ကိုရဲ့!
အစ်ကိုတစ်ခုခု ဖြစ်သွားရင် sooသေသွားလိမ့်မယ်!

kai//သေသွားလိမ့်မယ် အဟက် ဟက် ဟားဟား
သေ သေလေ! အဲ့မှာသေလိုက် ဘာဖြစ်တယ် ငါတစ်ခုခုဖြစ်ရင် မင်းသေလိမ့်မယ် ဟုတ်လား?
စောင့်ကြည့်တာပေါ့ …။

အပေါ်နှုတ်ခမ်းအား တွန့်ကွေးကာ ခပ်မဲ့မဲ့ပြုံးရင်း
ဘေးနားရှိခုံပေါ်မှ ခဲတံချွန်ဓားအား လှမ်းယူလိုက်သည်မို့ သူမမှာရင်တထိတ်ထိတ်။

မျက်ရည်များလည်း ဖြိုင်ဖြိုင်ကျလို့နေပြီ။

soo//အ အစ်ကို အဲ့ အဲ့ဒါ ဘာလုပ်ဖို့လဲ?
ချ ချထားလိုက်ပါ အစ်ကိုရယ် soo sooတောင်းပန်ပါတယ် ချထားလိုက်ပါ!

kai//ဟောဒီမှာဓား အခုနေ ငါ့လက်က သွေးကြောတွေကို ဓားနဲ့လှီးဖြတ်မယ်ဆိုရင် ဘာဖြစ်မလဲ?

soo//အစ်ကို အစ်ကိုမကျေနပ်ရင် sooကိုပဲစိတ်ရှိလက်ရှိသာ ရိုက်နှက်လိုက်ပါ အစ်ကိုရယ်! အစ်ကို့ကို အစ်ကို ထိခိုက်အောင် ဘာတစ်ခုမှ မလုပ်ပါနဲ့ sooတောင်းပန်ပါတယ်!

kai//မတောင်းပန်နဲ့ ငါလိုချင်တာ တောင်းပန်စကားမဟုတ်ဘူး။
မင်းဆီက တိကျတဲံ့အဖြေ မင်းပြောကြည့်စမ်း ဘာလို့ငါ့ကလေးကို မလိုချင်တာလဲ? မင်းငါယုံကြည် လက်ခံလောက်တယ်အဖြေကိုပေးလေ ပေး!

ဟမ္မူ.ရာဘီကိုဓဥပဒေ(Season-2)Where stories live. Discover now