"အပိုင်း-၂၈"
ကြိမ်ဖန်များစွာထိတွေ့ဖူးပါသော ထိုအထိအတွေ့တွေက အထူးအဆန်း မဟုတ်တော့ပေမဲ့ ဒီပုံစံမျိုးတော့ မဟုတ်ဘူး Chanyeollie။
တစ်ပါးသူကို နမ်းရှုံ့ထားတဲ့ အဲ့ဒီ့နှုတ်ခမ်းတွေနဲ့ ကျွန်မကိုမနမ်းနဲ့။
pcy - Byun Baekkieမင်းငါ့ကို စိတ်မရှည်အောင်လုပ်နေတာလား?
bbh - ကျွန်မ လက်မခံနိုင်ဘူး Park Chanyeol။
pcy - လက်မခံနိုင်ဘူး အဟက်။
တိုးသဲ့သဲ့စကားဆိုရင်း ခပ်မဲ့မဲ့ပြုံးလိုက်ပါသော Chanyeollie။
ခွင့်မပြုပါပဲ ချိုင့်ဝင်သွားသော ပါးပြင်ပေါ်က ပါးချိုင့်လေးက စိတ်အစဉ်ကို ပြောင်းပြန်လှန်ပစ်ချင်လောက်အောင် ဆွဲဆောင်နိုင်လွန်းသည်။
pcy - မင်းဆီက လက်ခံတယ် လက်မခံဘူးဆိုတာက ငါ့အပေါ် ဘယ်လောက်% သက်ရောက်နိုင်တယ်လို့ မင်းထင်လဲ။
ကျွန်မ,မထင်တတ်သလို မြင်လည်းမမြင်တတ်ခဲ့ပါဘူး။
pcy - ဖြေလေ Byun Baekkie။
bbh - ကျွန်မ ကျွန်မတောင်းပန်ပါတယ်။
pcy - တောင်းပန်တယ်။ ဘာအတွက်လဲ။
bbh - ကျွန်မ…။
pcy - မင်းအလှည့်တုန်းက ငါတောင်းပန်လို့တောင် ရခဲ့ရဲ့လား Byun Baekkie။ ဘာမှသောက်ရေးမပါနဲ့ ဟောဒီ့စာတစ်စောင်နဲ့ မင်းငါ့နှလုံးသားကို အဆိပ်ခတ်သွားတာ မဟုတ်ဘူးလား Byun Baekkie။
မျက်နှာပြင်ပေါ် ကျရောက်လာတဲ့ ဟောင်းနွမ်းနေသည့် စာရွက်ခေါက်လေးပေါ်က ကျွန်မလက်ရေးလေးတွေက ညီညီညာညာ။
ဒါဟိုတစ်ချိန်က Chanyeollieအတွက် ကျွန်မရေးခဲ့တဲ့ နှုတ်ဆက်စာ။
တစ်နည်းအားဖြင့်ပြောရရင် သားတစ်သက်လောက်ဖြစ်နေပြီဖြစ်တဲ့ ဒီစာလေးကို Chanyeollieက အခုထက်ထိ တယုတယသိမ်းဆည်းထားတယ်တဲ့လား။
pcy - ပြောစမ်းByun Baekkie။ မင်းပြောစမ်းပါ။
bbh - တောင်းပန်ပါတယ်။
pcy - ငါကြားချင်တာ တောင်းပန်တယ်ဆိုတာ မဟုတ်ဘူးByun Baekkie။ မင်းဆီက ဖြေရှင်းချက်။ ငါလိုချင်တာ အဲ့ဒါပဲ။