*အပိုင်း-၁၅*
ကားစက်သံကြားတာမို့ တစ်ညလုံးစိတ်ဆိုးနေသမျှ ခေါင်းလေးထောင်ကြည့်ဖြစ်သည်.
သားကတော့ မွေ့ယာထက်မှာ လက်ကလေးတွေ လှုပ်ခတ်ကာ လူးလွန့်လို့.
တစ်ညလုံး မအိပ်ပဲစောင့်နေတာမို့ ခေါင်းတွေနောက်ကျိနေပေမဲ့ အားယူကာထပြီး မျက်နှာသစ်ကာ သားကိုချီပြီး အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်.
soo - သားရေ ဖေဖေ့သွားကြိုမယ်
သားလက်ကလေးတွေအား ဆော့ကစားကာ ပြုံးရွှင်စွာ သူမပြောတော့ သားကရယ်သည်.
လှေကားထစ်တွေအား နင်းဖြတ်ကာ အောက်သို့အရောက် အိမ်ထဲဝင်လာသူက မျှော်နေသူတော့မဟုတ်.
မမျှော်တဲ့သူလည်း မဟုတ်ပါဘူး.
pcy - တူလေး နိုးနေတာလား
soo - ဟုတ်တယ်ကိုကို! လာလေ
pcy - တီXingရော
soo - ဈေးသွားမှာပေါ့! ညီမလေး အခုမှဆင်းလာတာ
pcy - ဒါနဲ့ နင့်ယောက်ျားရော
ရုတ်တရက်ကြီး အစ်ကို့ကိုမေးနေတာမို့ ပြန်ဖြေရန် အဖြေကို အသည်းအသန်ရှာဖွေနေမိတယ်.
တစ်ညလုံးပြန်မလာဘူးဆိုတာသာ ကိုကိုသိသွားရင် မိုးမီးလောင်တာထက်ဆိုးရွားသွားနိုင်သည်.
pcy - မရှိဘူးလား
soo - ဟို ဟို အလုပ်သွားပြီကိုကို
pcy - အော် လာလေ ဒီနားလာထိုင်
ကိုကိုပုတ်ပြသည့်နေရာအား ဝင်ကာထိုင်လိုက်တော့ ကိုကိုကရင်ခွင်ထဲက သားကိုယူကာပွေ့ချီသည်.
pcy - မျက်နှာကဘာဖြစ်နေတာလဲ
soo - ဟင့်အင်း ဘာမှမဖြစ်ပါဘူး
pcy - ဒီဘက်လှည့်စမ်း
soo - ဘာမှမဖြစ်ပါဘူးဆို
pcy - လှည့်ဆိုလှည့်Kyungsoo
ကိုကိုစိတ်ဆိုးမှာစိုး၍သာ ကိုကို့ကိုကြည့်လိုက်ပေမဲ့ြ?န်ကြည့်နေတဲ့ ကိုကို့မျက်ဝန်းထက်က မျက်ရည်ကြည်တွေအား အဓိပ္ပာယ်မကောက်တတ်ပါ.