°အပိုင်း-၃၃°
သည်းထန်စွာရွာနေတဲ့ မိုးစက်တွေကြား လုံခြုံမည့်နေရာတစ်ခုအား ရှာဖွေရင်း နောက်ဆုံးတွေ့ရှိလိုက်သည့် ကားမှတ်တိုင်တစ်ခု၏ အမိုးအောက်မှာ ထိုင်နေဖြစ်သည် ။
ခေါင်းမိုးတိုင်မှတစ်ဆင့် ကတ္တရာလမ်းမထက် တစ်စက်စက်ကျဆင်းနေသည့် မိုးရေစက်တို့အား မော့ကြည့်ရင်း အရူးတစ်ယောက်ပမာ သူမပြုံးဖြစ်သည် ။
ဟိုးကောင်းကင်က မိုးတွေညိုမှိုင်းပြီးရွာနေတယ် ။
ကျွန်မရင်ထဲမှာလည်း မိုးတွေရွာနေတယ်Chanyeollie ။
ဖြတ်ခနဲလျှပ်စီးတွေဝင့်လိုက်တိုင်း သူမကြောက်ရွံ့စွာ မျက်လုံးအစုံကို မှိတ်ချမိတာအခါခါ ။
အရိုင်းဆန်စွာတိုက်ခတ်နေတဲ့ အေးစက်တဲ့လေတွေကြောင့် ပွေလီရှုပ်ပွနေတဲ့ ဆံပင်တွေအားလည်း သူမသပ်မတင်ချင်တော့ ။
သူမတကယ်အရှုံးပေးလိုက်ပြီ ။
သူမအရာရာတိုင်းကို အရှုံးပေးလိုက်ပြီ ။
'ထ ပြန်မယ်´
လက်အားဆုတ်ကိုင်ကာ အမိန့်သံဆန်ဆန်ခေါ်နေသည့်သူအား ဆံနွယ်တွေကွယ်ယှက်ထားသည့်ကြားမှ မပွင့်တပွင့် မျက်ဝန်းတို့အား မှေးကျဉ်းကာ ကြည့်ရင်း သူမ ဖြေညှင်းစွာ ရယ်ချလိုက်သည် ။
သူ့လက်တွေကို ပြန်လည်ကျားကန်ဆွဲရင်းပေါ့ ။
'အဟက် ဟားဟား ဟားဟား´
'Baekkie´
စိတ်မရှည်စွာ ထအော်လိုက်တဲ့ သူ့အသံမာထန်ထန်ရဲ့နောက် အလိုလိုကပ်ပါလာတဲ့ သူ့လက်တွေရဲ့ လှုပ်ရှားမှုအပြီးမှာ သူမကိုယ်ပေါ်ရောက်လာတဲ့ ဂျာကင်အနက်တစ်ထည် ။
'ထ ပြန်ရအောင် ။ မိုးတွေ တအားရွာနေတာ အအေးပက်မယ်´
'ဟင့်အင်း´
'Baek´
'Chanyeollieထားခဲ့တဲ့နေရာလေးမှာ ဒီအတိုင်းလေးပဲ နေချင်တယ်´
'ဘယ်အချိန်အထိလဲ´
'သေတဲ့အထိ´
'မဟုတ်တာတွေ မပြောနဲ့´
ခဏတာ ငြိမ်သက်လို့သွားပြန်တယ်။
ထို့နောက် ကြားလိုက်ရတဲ့ သက်ပြင်းမောကြီးတစ်ခုနှင့်အတူ သူမလက်ကို တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်လိုက်တဲ့သူ ။