ဟမ္မူရာဘီကိုဓဥပဒေ(SS-2)

1.9K 275 43
                                    

               🥝အပိုင်း-၂၁🥝

soo - ကိုကို!

မနက်ခင်းရဲ့ ရောင်ခြည်စောစောမှာ ကားအားအကြမ်းပတမ်း ရပ်တန့်ပစ်ကာ ဒေါက်သံပြင်းပြင်းနင်းလျှောက်ရင်း အိမ်ထဲဝင်လာတဲ့ ချစ်ညီမက မှုန်ယိုနေတဲ့ ဆင်တစ်ကောင်အလား.

pcy - ငါနင့်ကိုမျှော်နေတာSoo!

ဖတ်လက်စ သတင်းစာအား စားပွဲပေါ် ခပ်ပြင်းပြင်းပစ်ချကာ ကျနော်ပြန်လည်ချေပလိုက်တော့ Kyungsooမျက်မှောင်ကျုံ့သည်.

pcy - နင့်သဘောနဲ့ နင်ဘယ်အချိန်အထိ မဟုတ်တရုတ်တွေ လျှောက်လုပ်နေမှာလဲ Kyungsoo! ငါဘယ်အချိန်အထိ နင့်ကိုလိုက်စိတ်ပူပေးနေရမှာလဲ

soo - Kim Jong Inဆိုတာ ဘယ်သူလဲကိုကို!

ရုတ်တရက်ဖြတ်မေးလိုက်သည့် Kyungsooအမေးကြောင့် ပြောလက်စ စကားလုံးတွေ ထပ်ထွက်လာရမည့်အစား အာခေါင်တွေသာ သွေ့ခြောက်လာသည်.

ညီမလေးက ဘယ်လိုလုပ်ပြီး Kim Jong Inဆိုတာကို.

soo - Sooက သူ့ဘဝကိုဖျက်ဆီးခဲ့တာလား?
ကိုကို !

pcy - တော်စမ်း Kyungsoo! အဓိပ္ပာယ်မရှိတာတွေ ငါ့လာမပြောနဲ့!

soo - ဟင့်အင်းကိုကို! သိပ်အဓိပ္ပာယ်ရှိတယ်! သူ့ကိုတွေ့တွေ့ချင်း ညီမလေးရင်တွေ တအားခုန်တာ ပြီးတော့ သူ

pcy - ခုန်ချင်အုန်းဟာ!

*ဖြောင်း *

ဇက်ခနဲမြှောက်တက်သွားသည့် လက်ဝါးနှင့်အတူ ရိုက်ချက်တစ်ခုက ကျနော်ချစ်သောညီမငယ်ရဲ့ ပါးပြင်နုနုဆီ.

ပြီးမှ ဝင်လာတာက နောင်တ.

ကျနော် ဘာလို့ ညီမလေးကို ရိုက်လိုက်မိတာလဲ?

soo - ကိုကို!

johnny - တီSoo!

lu - Sooလေး

soo - ကိုကိုထပ်ရိုက်လေကိုကို! ညီမလေးကတော့ ညီမလေး သိချင်တာကို မေးရမှာပဲ

pcy - မပြောနဲ့ ငါ့ရှေ့မှာ Kim Jong Inဆိုတဲ့ နာမည်နင့်ပါးစပ်က ယောင်ယမ်းပြီးတောင် ထွက်မလာစမ်းနဲ့ Kyungsoo!

lu - သားChan! sooလေးက နေမကောင်းဘူးလေ! သားChan သတိထားစမ်း!

pcy - တီLuတူမပြောတာ တီLuကြားလား?

ဟမ္မူ.ရာဘီကိုဓဥပဒေ(Season-2)Where stories live. Discover now